Connect with us

North America

အမေရိကန်-အီရန် ဆွေးနွေးမှု တိုးတက်ခြင်းမရှိသောကြောင့် နယူးယောက် ရေနံဈေးနှုန်းများ တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၀ ကျော် ရှိလာ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ LaGuardia လေဆိပ်တွင် ဝန်ထမ်းများက အမေရိကန်လေကြောင်းလိုင်းကုမ္ပဏီ၏ လေယာဉ်အား ဆီဖြည့်ပေးနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် အီရန်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု တိုးတက်မှုမရှိခြင်း၊ ဟော်မုဇ်ရေလက်ကြား ဆက်လက်အတားအဆီးဖြစ်နေခြင်းကြောင့် ကမ္ဘာ့ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် ဧပြီ ၂၈ ရက် နံနက်ပိုင်းက များစွာ မြင့်တက်ခဲ့ရာ နယူးယောက်ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၀ ကျော် ရှိခဲ့သည်။
အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဧပြီ ၂၈ ရက် နံနက် ၈ နာရီ ၂၆ မိနစ်အထိ၊ နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ ဇွန်လအတွက် ပေးပို့ရမည့် အပေါ့စား ရေနံစိမ်းအနာဂတ်ဈေးနှုန်းမှာ တစ်စည်လျှင် အမြင့်ဆုံး ကန်ဒေါ်လာ ၁၀၁.၈၅ ဒေါ်လာအထိ ရှိပြီး ကန်ဒေါ်လာ ၅.၄၈ ဒေါ်လာ မြင့်တက်မှုဖြင့် ၅.၆၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ဇွန်လအတွက် ပေးပို့ရမည့် လန်ဒန်ဘရန့် ရေနံစိမ်းအနာဂတ်ဈေးနှုန်းမှာမူ တစ်စည်လျှင် အမြင့်ဆုံး ကန်ဒေါ်လာ ၁၁၂.၇၀ ဒေါ်လာအထိရှိပြီး ကန်ဒေါ်လာ ၄.၄၇ ဒေါ်လာ မြင့်တက်မှုဖြင့် ၄.၁၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
အမေရိကန် The New York Times ၏ သတင်းဖော်ပြချက်အရ အီရန်အဆိုပြုသော ဆွေးနွေးညှိနှိုင်းမှု အစီအစဉ်သစ်ကို အမေရိကန်သမ္မတ ထရမ့်နှင့် ၎င်း၏ အမျိုးသားလုံခြုံရေးအဖွဲ့က ဧပြီ ၂၇ ရက်တွင် အစည်းအဝေး ပြုလုပ်ဆွေးနွေးခဲ့ကြကြောင်း၊ ထိုအစီအစဉ်သစ်အပေါ် ထရမ့်က ကျေနပ်အားရမှုမရှိကြောင်း သိရသည်။

အီရန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Fatemeh Mohajerani က အမေရိကန်၏ ပင်လယ်ရေကြောင်း ပိတ်ဆို့မှုများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် အီရန်အနေဖြင့် “လိုအပ်သည့် ပြင်ဆင်မှုအားလုံး” လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
သို့သော် အာရပ်စော်ဘွားများပြည်ထောင်စုက ရေနံတင်ပို့သောနိုင်ငံများအသင်း (OPEC) နှင့် (OPEC+) တို့မှ နုတ်ထွက်မည့်ဆုံးဖြတ်ချက်ကို ကြေညာလိုက်ခြင်းကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ပြန်လည်ကျဆင်းသွားစေရန် လှုံ့ဆော်မှု ဖြစ်စေခဲ့သည်။ (Xinhua)
—————–
(Chinese Version)
美伊谈判缺少进展 纽约油价突破每桶100美元
新华社纽约4月28日电(记者刘亚南)由于美国与伊朗的和平谈判缺少进展、霍尔木兹海峡航运持续受阻,国际原油期货价格28日早间涨幅扩大,纽约原油期货价格突破每桶100美元。
截至美东时间28日上午8时26分,纽约商品交易所6月交货的轻质原油期货价格盘中最高升至每桶101.85美元,上涨5.48美元,涨幅为5.69%;6月交货的伦敦布伦特原油期货价格最高升至每桶112.70美元,上涨4.47美元,涨幅为4.13%。
据美国《纽约时报》报道,美国总统特朗普及其国家安全团队27日开会讨论伊朗提出的新谈判方案。据称特朗普对这个新方案不满意。
伊朗政府发言人穆哈杰拉尼28日表示,伊朗已做出“一切必要安排”以应对美国海上封锁。
不过,阿联酋宣布将退出石油输出国组织(欧佩克)和“欧佩克+”的决定,刺激国际原油期货价格一度走低。(完)
1. 4月23日,在美国纽约拉瓜迪亚机场,工作人员为一架美国航空公司飞机加油。新华社记者 张凤国 摄