Connect with us

China

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အဖွဲ့ဝင်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ တုန်ကျွင်း တက်ရောက်

ဘစ်ရှ်ကက်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ဧပြီ ၂၈ ရက်က ကာဂျစ္စတန်နိုင်ငံ မြို့တော် ဘစ်ရှ်ကက်၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်း တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
တုန်ကျွင်းက သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ (GDI) ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံ‌ရေး အစီအမံ (GSI) ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အစီအမံ (GCI) ၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) တို့သည် မတည်မငြိမ်လှုပ်ခတ်နေသော ကမ္ဘာကြီးအတွက် အဖိုးတန်သည့် တည်ငြိမ်မှုနှင့် သေချာရေရာမှုများ ဖြည့်တင်းပေးလိုက်ကြောင်း ပြောကြားခဲ့သည်။
SCO သည် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒအား ကျင့်သုံးသည့် စံနမူနာအနေဖြင့် နိုင်ငံတကာစည်းစနစ်ကို ခိုင်မာစွာ စောင့်ထိန်းပြီး တရားမျှတမှုနှင့် သမာသမတ်ကျမှုအား အတူတကွကာကွယ်ကာ လုံခြုံရေး စီမံခန့်ခွဲမှု ကောင်းမွန်ပြည့်စုံမှုကို ညှိနှိုင်းပူးပေါင်း၍ တွန်းအားပေးသင့်ကြောင်း၊ အတူတကွဖွံ့ဖြိုးတိုးတက်မှုဖြင့် မတည်မငြိမ်လှုပ်ခတ်သည့် ပဋိပက္ခများ ဖြစ်ပွားသည့်အကြောင်းအချက်ကို ဖယ်ရှားကာ ယခုအကြိမ် အစည်းအဝေးတွင် အဆိုပြုထားသော “စဉ်ဆက်မပြတ် ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်ပင်ဝပြောမှု” အတွက် “SCO အင်အား” ဖြင့် အကျိုးဆောင်ပေးမည်ဖြစ်ကြောင်း၊ SCO ဖွဲ့စည်းခြင်း ၂၅ နှစ်ပြည့်ဟူသည့် စမှတ်အသစ်တွင် မိမိတို့အနေဖြင့် ကာကွယ်ရေးလုံခြုံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင် လုပ်ဆောင်သင့်ပြီး SCO က ပိုမိုစည်းလုံးညီညွတ်သော၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ပိုမိုအလေးပေးသော၊ ရှင်သန်စွမ်းအားများ ပိုမိုရှိသော၊ ပိုမိုလုပ်ဆောင်ချက်ရှိသော အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာနအသီးသီးမှ အကြီးအကဲများက မဟာဗျူဟာ ချိတ်ဆက်မှုကို မြှင့်တင်ရန်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်၊ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းရန် ပြောကြားခဲ့သည်။ အစည်းအဝေးမတိုင်မီ ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov က နိုင်ငံအသီးသီး ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးအကဲများကို တစုတစည်းတည်း လက်ခံတွေ့ဆုံခဲ့သည်။
ယခုအကြိမ်ခရီးစဉ်နှင့် အစည်းအဝေးကာလအတွင်း တုန်ကျွင်းသည် ရုရှား၊ ကာဂျစ္စတန်၊ ကာဇက်စတန်၊ အီရန်၊ ပါကစ္စတန်၊ ဘီလာရုဇ် စသည့်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

——————–
(Chinese Version)
董军出席上海合作组织成员国国防部长会议
新华社比什凯克4月28日电(记者江宥林)4月28日,上海合作组织成员国国防部长会议在吉尔吉斯斯坦比什凯克举行,国防部长董军率团出席并发言。
董军表示,习近平主席提出的全球发展倡议、全球安全倡议、全球文明倡议、全球治理倡议,为动荡不安的世界注入宝贵的稳定性确定性。上合组织作为践行多边主义的典范,应当坚定维护国际秩序,共同捍卫公平正义,协力推动完善安全治理,以共同发展消弭动荡冲突土壤,为实现本次会议倡导的“可持续和平、发展和繁荣”贡献“上合力量”。站在上合组织25周年新起点,我们应当做深防务安全合作,推动上合组织实现更加团结、更重协作、更富活力、更有作为的高质量发展。
会上,各国防务部门领导表示要加强战略沟通,推进务实合作,维护地区和平安宁。会前吉尔吉斯斯坦总统扎帕罗夫集体会见各国防务部门领导。
此次访问和会议期间,董军同俄罗斯、吉尔吉斯斯坦、哈萨克斯坦、伊朗、巴基斯坦、白俄罗斯等国防务部门领导会见会谈。(完)