Connect with us

Media

မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် နေအိမ်များ မီးလောင်မှုဖြစ်ပွားခဲ့

ဖျာပုံ ၊ဧပြီ ၂၉ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာ၌ ဧပြီ ၂၉ ရက် နံနက် ၃ နာရီ ၁၀ မိနစ်ခန့်တွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဖျာပုံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျုံကဒွန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

အဆိုပါ မီးဘေးသင့် အိမ်ထောင်စု ၇၀ စု၊ လူဦးရေ စုစုပေါင်း ၃၀၀ ကျော်တို့အား ချောင်းဝကျေးရွာရှိ သာသနာ့တံခွန်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ခေတ္တနေရာချပေးထားကြောင်း သိရသည်။ (Xinhua)

#မီးလောင်မှု # #ချောင်းဝကျေးရွာ

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.