Videos
ယူနန်ပြည်နယ် စီးမောင်ခရိုင်က တောသဘာဝ ရသာမွန်ဟင်းလျာများ
ယူနန်၊ မေ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ် စီးမောင်ခရိုင်က နွေဦးရာသီ သစ်ကတိုးရွက်မွေး၊ ဆိုက်ဘေးရီးယန်းဂျင်ဆင်း နှင့် ဘွဲ့ချဉ်ပင် အစရှိသည့် တောထွက်ဟင်းသီးဟင်းရွက်များမှာ စားပွဲတင်ဟင်းလျာအဖြစ် အလွန်ရေပန်းစားပါသည်။ရှေးယခင်က ဤကဲ့သို့သော သဘာဝတောဟင်းလျာများကို တောနက်ထဲအထိ သွားရောက်ရှာဖွေခဲ့ကြရသော်လည်း ယခုအခါတွင် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များဖြင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ်နေပြီဖြစ်သဖြင့် ဒေသထွက် တောသဘာဝ ဟင်းသီးဟင်းရွက်အမျိုးအစားပေါင်း ၆၂ မျိုးကို စိုက်ပျိုးခြံများတွင် ပမာဏအများအပြားစိုက်ပျိုးမှုအား ဖော်ဆောင်နိုင်ပြီဖြစ်ရာ နေ့စဉ် ကီလိုဂရမ် ရာနှင့်ချီသော လတ်လတ်ဆတ်ဆတ် တောဟင်းရွက်များကို ဈေးကွက်ထဲသို့ တိုက်ရိုက်တင်ပို့လျက်ရှိသည်။
အဆိုပါလုပ်ငန်းသည် တောသဘာဝအရသာစစ်စစ်ကို မပျောက်ပျက်အောင် ထိန်းသိမ်းပေးထားသည့်အပြင် ဒေသခံတောင်သူများအတွက်လည်း ဝင်ငွေတိုးပွားစေရာ ယခင်က ရှားရှားပါးပါး စားခဲ့ရသည့် “နွေဦးအရသာ” များမှာ ယခုအခါ လူတိုင်း၏ ထမင်းဝိုင်းတွင် နေ့စဉ်စားသုံးနိုင်သည့် အိမ်ဟင်းလျာများအဖြစ်သို့ ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ (Xinhua)
