North America
“ရက် ၆၀ ကန့်သတ်ချက်” အား ရှောင်ကြဉ်ရန်အတွက် အီရန်အပေါ် ရန်လိုသည့်လှုပ်ရှားမှု “ပြီးဆုံးပြီ” ဖြစ်ကြောင်း ထရမ့်က လွှတ်တော်ထံ စာလွှာပေးပို့
ဝါရှင်တန်၊ မေ ၂ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် အီရန်၏ ရန်လိုသည့်လှုပ်ရှားမှုမှာ “ပြီးဆုံးပြီ” ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က မေ ၁ ရက်တွင် လွှတ်တော်ထံစာလွှာပေးပို့ခဲ့သည်။ အဆိုပါပြောဆိုချက်သည် အမေရိကန်သမ္မတ အနေဖြင့် လွှတ်တော်၏ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ တပ်ဖွဲ့အားအသုံးပြုသည့် “ရက် ၆၀ ကန့်သတ်ချက်” အား ရှောင်ကြဉ်ရန် ရည်ရွယ်ခြင်းဖြစ်ကာ တစ်ချိန်တည်းတွင် ထရမ့်က အဆိုပါစစ်ပွဲသည် မပြီးဆုံးနိုင်သေးကြောင်းလည်း ဆိုခဲ့သည်။အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Mike Johnson နှင့် အထက်လွှတ်တော် ယာယီဥက္ကဋ္ဌ Charles E. Grassley ထံ ပေးပို့သည့် အဆိုပါစာလွှာ၌ ထရမ့်က ၎င်းအနေဖြင့် အမေရိကန်အရှေ့ပိုင်း စံတော်ချိန် ဧပြီ ၇ ရက်တွင် သီတင်းပတ် နှစ်ပတ်ကြာ အပစ်ရပ်ရန် အမိန့်ချခဲ့ပြီး ထို့နောက် အပစ်ရပ်မှုကို သက်တမ်းတိုးခဲ့ကြောင်း၊ အမေရိကန်နှင့် အီရန်သည် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခြင်းမရှိတော့ဘဲ “၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သည့် ရန်လိုသည့် လှုပ်ရှားမှုသည် လက်ရှိတွင် အဆုံးသတ်သွားပြီဖြစ်သည်” ဟု ပြောကြားခဲ့သည်။
အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုသည် အောင်မြင်မှုရရှိခဲ့သော်လည်း အီရန်က အမေရိကန်နှင့် အမေရိကန်စစ်တပ်အပေါ် ခြိမ်းခြောက်မှုမှာမူ သိသိသာသာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အမေရိကန်စစ်တပ် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) တာဝန်ယူရသည့်ဒေသရှိ သက်ဆိုင်ရာနိုင်ငံများ၌ စစ်ရေးဖြန့်ကြက်နေရာချထားမှု အနေအထားကို ဆက်လက်ထိန်းညှိသွား၍ အီရန်နှင့် ၎င်း၏ဒေသတွင်း “ကိုယ်စားလှယ်” များ၏ ခြိမ်းခြောက်မှုကို ကိုင်တွယ်စီမံသွားမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်၏ အဆိုပါပြောကြားချက်သည် လက်တွေ့တွင် မေ ၁ ရက် ဟူသည့် ဥပဒေအရ နောက်ဆုံးကန့်သတ်ချက်ကို ရှောင်ကြဉ်လိုက်ခြင်းဖြစ်ကြောင်း အမေရိကန် မီဒီယာများက ဆိုသည်။ အမေရိကန်က ၁၉၇၃ ခုနှစ်တွင် အတည်ပြုခဲ့သည့် “စစ်ပွဲအခွင့်အာဏာ အက်ဥပဒေ” (War Powers Resolution) အရ သမ္မတသည် စစ်ရေးအင်အားအသုံးပြုကြောင်း လွှတ်တော်ထံ ပထမဆုံးအကြိမ် အသိပေးပြီးနောက် ရက်ပေါင်း ၆၀ အတွင်း အဆိုပါစစ်ရေးလှုပ်ရှားမှုကို ရပ်တန့်ခြင်း သို့မဟုတ် လွှတ်တော်၏ ခွင့်ပြုချက် ရယူကာ ဆက်လက်စစ်ပွဲဆင်နွှဲခြင်း လုပ်ဆောင်ရမည်ဖြစ်သည်။ ထရမ့်အစိုးရအနေဖြင့် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှု စတင်ကြောင်း မတ် ၂ ရက်တွင် လွှတ်တော်ထံ တရားဝင် အသိပေးခဲ့ရာ ထိုရက်မှစတင်၍တွက်ချက်ထားသည့် ဥပဒေအရ သတ်မှတ်ထားသော ရက် ၆၀ မှာ မေ ၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ထိုနေ့မတိုင်မီ ရှေ့တစ်ရက်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က လွှတ်တော်၌ သက်သေအဖြစ် ထွက်ဆိုခဲ့ရာ အမေရိကန်-အီရန် ယာယီအပစ်ရပ်မှုသည် ဧပြီ ၈ ရက်တွင် စတင်အသက်ဝင်ခဲ့ရာ ထရမ့်က အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်သည့် ရက် ၆၀ ကန့်သတ်ချက်မှာ “ယာယီရပ်တန့် သို့မဟုတ် ရပ်နားသွားပြီး” ဖြစ်ကြောင်း၊ ထရမ့်အစိုးရအနေဖြင့် လက်ရှိတွင် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုအတွက် လွှတ်တော်၏ ခွင့်ပြုချက် ထပ်မံရယူရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထရမ့်က အဆိုပါစာလွှာပေးပို့သည့်အချိန်သည် အမေရိကန်နှင့် အီရန် ဆွေးနွေးညှိနှိုင်းမှု ကျဉ်းထဲကျပ်ထဲ ကျရောက်နေချိန်ဖြစ်ရာ အမေရိကန်က အီရန်ဆိပ်ကမ်းများကို ဆက်လက်ပိတ်ဆို့ထားပြီး ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှုသည်လည်း ဆက်လက်တားဆီးခံနေရကြောင်း အမေရိကန်မီဒီယာများက ထောက်ပြသည်။ ဒီမိုကရက်တစ်ပါတီဝင်များက အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုသည် လွှတ်တော်၏ခွင့်ပြုချက် ရယူထားခြင်းမရှိသဖြင့် “တရားဥပဒေချိုးဖောက်ရာရောက်” ကာ အဆိုပါလှုပ်ရှားမှုကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။ ရီပက်ဘလစ်ကန်ပါတီအတွင်း၌ ထရမ့်အပေါ် ထောက်ခံအားပေးမှုများ ကွဲလွဲမှုရှိလာပြီး လွှတ်တော်အမတ်အချို့က “ရက် ၆၀ ကန့်သတ်ချက်” ပြီးနောက် အဆိုပါစစ်ရေးလှုပ်ရှားမှုကို ထောက်ခံအားပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
#US #Iran #Congress #အမေရိကန် #အီရန် #လွှတ်တော်
————————————
(Chinese Version)
规避“60天期限” 特朗普致函国会称与伊朗敌对行动已“结束”
新华社华盛顿5月1日电(记者黄强 徐剑梅)美国总统特朗普1日致函国会,称美国与伊朗的敌对行动已“结束”。这一说法旨在规避美总统未经国会授权动用部队的“60天期限”,且特朗普同时表示,这场战事可能远未结束。
在这封写给众议院议长约翰逊和参议院临时议长查克·格拉斯利的信中,特朗普说,他于美东时间4月7日下令停火两周,此后停火得到延长,美伊没有发生交火,“始于2026年2月28日的敌对行动,现已结束”。
特朗普称,尽管对伊朗军事行动取得成功,但伊朗对美国及美军构成的威胁依然显著。因此,国防部继续调整在美军中央司令部责任区相关国家的军事部署态势,以应对伊朗及其地区“代理人”威胁。
美国媒体说,特朗普上述说法实际上规避了5月1日这一法律最后期限。根据美国1973年通过的《战争权力法》,总统在首次通知国会动用军事力量后,应在60天内决定停止这场军事行动,或者寻求国会授权继续作战。特朗普政府3月2日正式告知国会对伊朗发起军事行动,由此推算的60天法律时限于5月1日到期。
前一天,美国防部长赫格塞思在国会作证时称,美伊临时停火4月8日生效,意味着特朗普对伊朗采取军事行动的60天期限已“暂停或中止”,特朗普政府眼下无需就对伊朗军事行动寻求国会授权。
美媒指出,特朗普发出这封信,正值美伊谈判陷入僵局之际,美国继续封锁伊朗港口,霍尔木兹海峡通航持续受阻。民主党人批评对伊朗军事行动未经国会授权,当属“违法”,要求结束。共和党内,对特朗普的支持出现裂痕,也有国会议员表示不会在“60天期限”后支持这场军事行动。(完)
图说:5月1日,警察在美国首都华盛顿的国会大厦前警戒。 新华社记者 李睿 摄
