Connect with us

Africa & Middle East

နောက်ထပ်နိုင်ငံတကာလေကြောင်းလိုင်းများက အစ္စရေးသို့ လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ပြေးဆွဲ

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့အနီးရှိ Ben Gurion လေဆိပ်တွင် ဂိတ်ပေါက်၌ လမ်းလျှောက်နေသည့် ခရီးသည်များကို ၂၀၂၆ ခုနှစ် ဧပြီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ မေ ၄ ရက် (ဆင်ဟွာ)

အမေရိကန်-အီရန် အပစ်ရပ်မှုကြားတွင် လေကြောင်းခရီးအနေဖြင့် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသဖြင့် နိုင်ငံခြားလေကြောင်းလိုင်းသုံးခုက အစ္စရေးနိုင်ငံသို့ လေကြောင်းခရီးစဉ်များကို မေ ၃ ရက်၌ ပြန်လည်စတင်၍ ပြေးဆွဲခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းများနှင့် အစ္စရေးလေဆိပ်ဆိုက်ရောက်မှုမှတ်တမ်းများအရ သိရသည်။
အဇာဘိုင်ဂျန်နိုင်ငံ၏ အမျိုးသားလေကြောင်းလိုင်းဖြစ်သော အဇာဘိုင်ဂျန်လေကြောင်းလိုင်းက အဇာဘိုင်ဂျန်နိုင်ငံ မြို့တော်ဘာကူမှ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့သို့ လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲခြင်းဖြင့် အစ္စရေးနိုင်ငံတွင် လုပ်ငန်းလည်ပတ်မှုများကို ပြန်လည်စတင်ခဲ့သည်။
ဥဇဘက်ကစ္စတန်နိုင်ငံမှ Centrum Air လေကြောင်းလိုင်းကမူ ဥဇဘက်ကစ္စတန်နိုင်ငံ Samarkand မြို့မှ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့သို့ လေကြောင်းခရီစဉ်များအား ပြန်လည်စတင်ခဲ့ပြီး တက်ရှ်ကန့်-တဲလ်အဗစ်လမ်းကြောင်းကိုလည်း မေ ၅ ရက်၌ ပြန်လည်စတင်ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။
ယူကရိန်းလေကြောင်းလိုင်း SkyUp ကလည်း အစ္စရေးသို့ လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ပြေးဆွဲခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် ပူးတွဲတိုက်ခိုက်မှုများ စတင်ခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးသို့ လေကြောင်းဖြတ်သန်းပျံသန်းမှုအားလုံးကို ရပ်ဆိုင်းခဲ့သည်။ အမေရိကန်-အီရန် အပစ်ရပ်မှုက ဧပြီ ၈ ရက်၌ စတင်အသက်ဝင်ပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းများက အစ္စရေးသို့ လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲခြင်းကို စတင်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
English Version
More int’l airlines resume flights to Israel
JERUSALEM, May 3 (Xinhua) — Three foreign airlines resumed flights to Israel on Sunday, as air travel gradually recovers amid the U.S.-Iran ceasefire, according to the airlines and Israeli airport arrival records.
Azerbaijan’s national carrier, Azerbaijan Airlines, resumed operations in Israel with a flight from Baku to Tel Aviv.
Uzbekistan’s Centrum Air has resumed flights from Samarkand to Tel Aviv and plans to resume the Tashkent-Tel Aviv route on Tuesday.
Ukraine’s air carrier SkyUp also resumed flights to Israel.
All air traffic to Israel was suspended on Feb. 28, when the United States and Israel launched joint strike on Iran. International airlines have begun resuming flights to Israel after the U.S.-Iran ceasefire took effect on April 8. ■
English Caption
Passengers walk at a terminal at Ben Gurion Airport near Tel Aviv, Israel, on April 9, 2026. (Photo by Gil Cohen Magen/Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117