China
တရုတ်နိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်သည့် သိပ္ပံသုတေသနသင်္ဘော ကျဲ့ကျန်းပြည်နယ်၊ ဝန်းလျင်မြို့တွင် ရေချ
ဝန်းလျင်၊ မေ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်သည့် သိပ္ပံသုတေသနသင်္ဘော “R/V Haiying” ကို မေလ ၅ ရက်က ကျဲ့ကျန်းပြည်နယ် ဝန်းလျင်မြို့ ဆုန်းမန်မြို့နယ်တွင် တည်ဆောက်ပြီးစီး၍ ရေချအခမ်းအနား ပြုလုပ်ခဲ့သည်။
အရပ်ဘက် ရင်းနှီးမြှုပ်နှံမှု ယွမ် သန်း ၁၅၀ ဖြင့် တည်ဆောက်ထားသည့် အဆိုပါ သိပ္ပံသုတေသနသင်္ဘောသည် စုစုပေါင်း အရှည် ၈၂ မီတာ ရှိပြီး ကုန်ပြည့်တင်ဆောင်ထားသည့် ရေပေါ်ပမာဏ (Full Load Displacement) တန်ချိန် ၃,၅၀၀ ရှိရန် လျာထားရာ ရေမိုင်ပေါင်း ၁၀,၀၀၀ ခရီးနှင်နိုင်ပြီး ရက်ပေါင်း ၆၀ ကြာ အထောက်အပံ့ပစ္စည်းဖြည့်တင်းရန်မလိုသော သင်္ဘောပင်ကို ရပ်တည်နိုင်စွမ်းရှိသလို ပညာရပ်ကဏ္ဍများစွာကို ရေပြင်အကန့်အသတ်မရှိ ဘက်စုံစူးစမ်းလေ့လာနိုင်စွမ်း ရှိပေသည်။
အဆိုပါသင်္ဘောအား ရင်းနှီးမြှုပ်နှံသူများမှာ ကျဲ့ကျန်းပြည်နယ် ဝန်းလျင်မြို့ရှိ တံငါသည် ၃၇ ဦး ဖြစ်သည်။ ၂၀၂၅ ခုနှစ် မတ် ၁၇ ရက်တွင် သိပ္ပံသုတေသနသင်္ဘော “R/V Haiying” ကို တရားဝင် စတင်တည်ဆောက်ခြင်းဖြစ်ပြီး တည်ဆောက်ပြီးစီးချိန်၌ အဆင့်မြင့်ပညာတက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်းများသို့ ငှားရမ်းသည့်စနစ်ဖြင့် ဝန်ဆောင်မှုပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

ရေချပြီးသော သိပ္ပံသုတေသနသင်္ဘော “R/V Haiying” အား ၂၀၂၆ ခုနှစ် မေလ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
国内首艘民资建造科考船在浙江温岭下水
新华社照片,温岭(浙江),2026年5月5日
5月5日,中国首艘民资建造科考船“海鹰加科”号在浙江温岭市松门镇建成下水。这艘由民间资本投资约1.5亿元建造的科考船总长82米,计划满载排水量3500吨,续航力1万海里,自持力大于60天,具备在无限航区执行多学科综合考察的能力。它的投资者是37位浙江温岭渔民。2025年3月17日,“海鹰加科”号科考船正式开工建造。建成后,计划通过租赁方式服务高校、科研院所等机构。
1. 5月5日,“海鹰加科”号科考船在温岭市松门镇腾龙造船厂下水。新华社记者 黄宗治 摄
2. 下水后的“海鹰加科”号科考船(5月5日摄,无人机照片)。新华社记者 黄宗治 摄
