North America
အမေရိကန်-အီရန် အပစ်ရပ်ရေး ဆက်လက်ထိန်းသိမ်းထား၊ ကမ္ဘာ့ရေနံဈေးနှုန်းများ ပြန်လည်ကျဆင်းလာ
နယူးယောက်၊ မေ ၆ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် အီရန် အပစ်ရပ်ရေးအနေအထား ဆက်လက်ရှိနေခြင်းကြောင့် ကမ္ဘာ့ ရေနံစိမ်း အနာဂတ်ဈေးနှုန်းများသည် မေလ ၅ ရက် နံနက်ပိုင်း အရောင်းအဝယ်ပြုလုပ်ချိန်တွင် သိသိသာသာ ကျဆင်းသွားပြီးနောက် အတက်၊ အကျ အနည်းငယ်ရှိရာ ဈေးကွက်ပိတ်သိမ်းချိန်တွင်မူ ယမန်နေ့က မြင့်မားခဲ့သည့်ဈေးနှုန်းများ ပြန်လည်ကျဆင်းလာသည်။
မေလ ၅ ရက် ဈေးကွက်ပိတ်သိမ်းချိန်အထိ နယူးယောက်ကုန်စည်ဒိုင် (NYMEX) ၏ ဇွန်လအတွက် ပေးပို့ရမည့် အပေါ့စားရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် တစ်စည်လျှင် ကန်ဒေါ်လာ ၄.၁၅ ဒေါ်လာ ကျဆင်းပြီး ဈေးကွက်ပိတ်သိမ်းချိန်တွင် ကန်ဒေါ်လာ ၁၀၂.၂၇ ဒေါ်လာ ဖြင့် ၃.၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဇူလိုင်လအတွက် ပေးပို့ရမည့် လန်ဒန်ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် တစ်စည်လျှင် ကန်ဒေါ်လာ ၄.၅၇ ဒေါ်လာ ကျဆင်းခဲ့ပြီး ဈေးကွက်ပိတ်သိမ်းချိန်တွင် ကန်ဒေါ်လာ ၁၀၉.၈၇ ဒေါ်လာ ဖြင့် ၃.၉၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
အမေရိကန်အရှေ့ပိုင်းစံတော်ချိန် မေ ၅ ရက် ညနေပိုင်းတွင် အမေရိကန်သမ္မတ ထရမ့်က ဟော်မုဇ်ရေလက်ကြား၌ သင်္ဘောများ ဖြတ်သန်းသွားလာမှုအတွက် “ရှင်းလင်းလမ်းညွှန်ပေးရန်” “လွတ်လပ်ရေး အစီအစဉ်” ကို ကာလတိုအတွင်း ရပ်နားထားမည်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တင်၍ ပြောကြားခဲ့သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ကလည်း ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်စစ်တပ် ဖော်ဆောင်နေသည့် “လွတ်လပ်ရေး အစီအစဉ်” မှာ ယာယီမစ်ရှင်သာဖြစ်ကြောင်း၊ အမေရိကန်စစ်တပ်၏ လှုပ်ရှားမှုများသည် ကာကွယ်ရေးသဘောဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရန် ရည်ရွယ်လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ထိုနေ့အစောပိုင်းတွင် ပြောဆိုခဲ့သည်။
အမေရိကန် The Price Futures Group မှ အကြီးတန်း ဈေးကွက်သုံးသပ်သူ Phil Flynn က အမေရိကန်နှင့် အီရန်တို့အကြား ပြည့်စုံသော ငြိမ်းချမ်းရေး သဘောတူညီချက် လိုအပ်မှုရှိခြင်းနှင့် တစ်ချိန်တည်းတွင်ပင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် စွမ်းအင်ဈေးကွက်အတွင်း အကျပ်အတည်းများ ဆက်လက်ရှိနေဆဲဖြစ်ကာ ရေနံဈေးနှုန်းအန္တရာယ် ပရီမီယံကြေးမှာ မြင့်မားသော အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း ယူဆသည်။
မေ ၅ ရက်တွင် အရှေ့အလယ်ပိုင်း ပဋိပက္ခများ ပိုမိုပြင်းထန်လာမည့်အပေါ် ဈေးကွက်၏ စိုးရိမ်ပူပန်မှုများ လျော့ကျသွားခြင်းကြောင့် အမေရိကန် နယူးယောက် စတော့အိတ်ချိန်း အဓိကအညွှန်းကိန်း သုံးခုသည် အတက်ဖြင့် ဈေးကွက်ဖွင့်ခဲ့ပြီး ဈေးကွက်ပိတ်သိမ်းချိန်တွင် သိသိသာသာ မြင့်တက်လာရာ S&P 500 အညွှန်းကိန်းနှင့် Nasdaq Composite အညွှန်းကိန်းသည် သမိုင်းအမြင့်ဆုံး စံချိန်သစ်တင်နိုင်ခဲ့သည်။ (Xinhua)
——————
(Chinese Version)
美伊维持停火 国际油价回落
新华社纽约5月5日电(记者刘亚南)由于美国与伊朗停火状态持续,国际原油期货价格5日早盘显著走低后窄幅盘整,收盘时基本回吐前一日涨幅。
截至5日收盘,纽约商品交易所6月交货的轻质原油期货价格下跌4.15美元,收于每桶102.27美元,跌幅为3.90%;7月交货的伦敦布伦特原油期货价格下跌4.57美元,收于每桶109.87美元,跌幅为3.99%。
美东时间5日傍晚,美国总统特朗普在社交媒体发文称,“疏导”霍尔木兹海峡船舶通行的“自由计划”将在短期内暂停。美国防部长赫格塞思当天早些时候说,美军在霍尔木兹海峡实施的“自由计划”是临时任务,美军行动属于防御性质,不寻求交战。
美国普莱斯期货集团高级市场分析师菲尔·弗林认为,美国与伊朗之间缺少完整的和平协议,同时近期的攻击行为使能源市场依然保持紧张,油价风险溢价仍处于高位。
5日,因市场对中东冲突升级的担忧减少,美国纽约股市三大股指高开,收盘时明显上涨,标普500指数和纳斯达克综合指数创下历史新高。(完)
1. 4月29日,一艘原油油轮在美国纽约和新泽西港作业。新华社记者 张凤国 摄
