Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနား ကျင်းပ

ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ)

မေ ၈ ရက်တွင် ကျရောက်သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ရန်ကုန်မြို့၌ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်ရေး ကော်မတီမှ ကြီးမှူးကာ ကျင်းပခဲ့သည်။ ယခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့၏ ဆောင်ပုဒ်မှာ “ညီညွတ်မှုအားနဲ့ တို့ကူညီ၊ လူသားချင်းစာနာတဲ့ ကြက်ခြေနီ” (United in Humanity) ဟူ၍ ဖြစ်သည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) သည် မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံးသော လူမှုကရုဏာအဖွဲ့အစည်းဖြစ်သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကြီးတွင် ယခုအခါ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်ပေါင်း ၈၀,၀၀၀ ကျော်နှင့် ကြက်ခြေနီအသင်းဝင်ပေါင်း ၁၄၀,၀၀၀ ကျော်ရှိနေကြောင်း သိရသည်။ ယင်းအနက်မှ စနစ်တကျလေ့ကျင့်ပေးထားသည့် စေတနာလုပ်အားရှင် ၁၄,၀၀၀ ခန့်တို့က ကူးစက်ရောဂါဘေး၊ သဘာဝဘေး စသည့်ဘေးအန္တရာယ်ကျရောက်မှုများတွင် ကူညီကယ်ဆယ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

နှစ်စဉ် မေလ ၈ ရက်သည် ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်ပြီး ယခုအခါ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီလှုပ်ရှားမှုတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉၀ ကျော်နှင့် အဖွဲ့ဝင်ပေါင်း ၁၇ သန်းကျော် ပါဝင်၍ လူသားကရုဏာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)