Connect with us

China

ပါရာဂွေးနိုင်ငံ အာဏာပိုင်များအနေဖြင့် ထိုင်ဝမ်အာဏာပိုင်များနှင့် “သံတမန်ဆက်ဆံရေး” ဟူသည်ကို ဆောလျင်စွာ ဖြတ်တောက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)

ပါရာဂွေးနိုင်ငံသမ္မတ ထိုင်ဝမ်သို့ သွားရောက်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က မေ ၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးခွန်းများကို ဖြေကြားခဲ့သည်။
တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် နိုင်ငံတကာ ဆက်ဆံရေး၏ အခြေခံမူနှင့် နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ပြန့်သည့် ဘုံသဘောတူညီချက် ဖြစ်ကြောင်း၊ ကမ္ဘာတွင် နိုင်ငံပေါင်း ၁၈၃ နိုင်ငံက ယင်းမူဝါဒကို အခြေခံ၍ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားကြောင်း၊ ပါရာဂွေးနိုင်ငံ အာဏာပိုင်များအနေဖြင့် သမိုင်း၏မှန်ကန်သောဘက်တွင် အမြန်ဆုံးရပ်တည်ရန်၊ တရုတ်တစ်နိုင်ငံတည်း အခြေခံမူကို အသိအမှတ်ပြုပြီး ထိုင်ဝမ်အာဏာပိုင်များနှင့် “သံတမန်ဆက်ဆံရေး” ဟူသည်ကို ဖြတ်တောက်သည့် မှန်ကန်သော ဆုံးဖြတ်ချက်အား ရွေးချယ်ရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
外交部:奉劝巴拉圭当局早日同台湾当局断绝所谓“外交关系”
新华社北京5月7日电(记者董雪、邵艺博)针对巴拉圭总统窜访台湾,外交部发言人林剑7日在例行记者会上答问时表示,一个中国原则是国际关系的基本准则和国际社会普遍共识。世界上已有183个国家在此原则基础上与中国建立外交关系。我们奉劝巴拉圭当局早日站到历史正确一边,作出承认一个中国原则、同台湾当局断绝所谓“外交关系”的正确抉择。(完)