China
၂၈ ကြိမ်မြောက် တရုတ်နိုင်ငံ ပေကျင်းနိုင်ငံတကာ သိပ္ပံနည်းပညာပြပွဲ ဖွင့်လှစ်
ပေကျင်း၊ မေ ၈ ရက် (ဆင်ဟွာ)
၂၈ ကြိမ်မြောက် တရုတ်နိုင်ငံ ပေကျင်းနိုင်ငံတကာ သိပ္ပံနည်းပညာပြပွဲ (ပေကျင်းသိပ္ပံနည်းပညာပြပွဲ) ကို မေ ၈ ရက်မှ ၁၀ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပလျက်ရှိသည်။ ယခုအကြိမ် ပေကျင်းသိပ္ပံနည်းပညာပြပွဲကို “သိပ္ပံနည်းပညာဖြင့် ဦးဆောင်၍ အနာဂတ်ဖန်တီးခံစားခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခြင်း ဖြစ်ပြီး ပြပွဲ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအစီအစဉ်၊ အွန်လိုင်းပြသချိတ်ဆက်ခြင်း စသည့် ကဏ္ဍသုံးရပ်ပါရှိရာ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ လုပ်ငန်းကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၈၀၀ ကျော်ကို ပါဝင်ပြသရန် ဆွဲဆောင်ခဲ့သည်။ (Xinhua)

၂၈ ကြိမ်မြောက် တရုတ်နိုင်ငံ ပေကျင်းနိုင်ငံတကာ သိပ္ပံနည်းပညာပြပွဲတွင် ဘောလုံးကန်ပြနေသည့် စက်ရုပ်တစ်ရုပ်အား ၂၀၂၆ ခုနှစ် မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၈ ကြိမ်မြောက် တရုတ်နိုင်ငံ ပေကျင်းနိုင်ငံတကာ သိပ္ပံနည်းပညာပြပွဲတွင် စက်မှုလုပ်ငန်းသုံးထိန်းချုပ်မှုရှိသော စက်ရုပ်တစ်ရုပ်အား ၂၀၂၆ ခုနှစ် မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
第二十八届中国北京国际科技产业博览会开幕
新华社照片,北京,2026年5月8日
5月8日至10日,第二十八届中国北京国际科技产业博览会(简称北京科博会)在北京举办。本届北京科博会主题为“科技引领 创享未来”,设置展览会、贸易投资促进活动和线上展示对接三大板块, 吸引了800余家中外企业和机构参展。
1. 5月8日在第二十八届北京科博会上拍摄的氢能混合动力两轮车。新华社记者 谢晗 摄
2. 5月8日,一款机器人在第二十八届北京科博会上踢足球。新华社记者 谢晗 摄
3. 5月8日在第二十八届北京科博会上拍摄的一款工业控制机器人。新华社记者 谢晗 摄
