China
ဖုဟွာနှင့် မဟာအီဂျစ်ပြတိုက် အမှုဆောင်အရာရှိချုပ် Ahmed Ghoneim တွေ့ဆုံဆွေးနွေး
ကိုင်ရို၊ မေ ၁၁ ရက် (ဆင်ဟွာ)
ဆင်ဟွာ သတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် မဟာအီဂျစ်ပြတိုက် (GEM) အမှုဆောင်အရာရှိချုပ် Ahmed Ghoneim နှင့် မေ ၁၀ ရက်က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ဖုဟွာက မဟာအီဂျစ်ပြတိုက် (GEM) သည် အီဂျစ်ပြည်သူများ၏ ဂုဏ်ယူဖွယ်ရာ ဖြစ်ရုံသာမက လူသားမျိုးနွယ် ယဉ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန်လေ့လာရေး၏ အရေးကြီး မျက်မြင်သက်သေ ပို၍ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆင်ဟွာသတင်းဌာနအနေဖြင့် မဟာအီဂျစ်ပြတိုက် (GEM) နှင့်အတူ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး နက်ရှိုင်းစွာ လုပ်ဆောင်ရန်၊ တန်းတူညီမျှဖြစ်၍ အပြန်အလှန်လေ့လာသင်ယူမှုရှိသော၊ တွေ့ဆုံဆွေးနွေးမှုရှိ၍ အားလုံးလက်ခံပါဝင်မှုရှိသော ယဉ်ကျေးမှုအမြင်ကို လက်ကိုင်ထားကာ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံကို လက်တွေ့ဖော်ဆောင်ရန်၊ တရုတ်-အီဂျစ် နှစ်နိုင်ငံအတွက် ယဉ်ကျေးမှုတွေ့ဆုံဆွေးနွေးခြင်း နက်ရှိုင်းစေ၍ ကမ္ဘာ့တောင်ဘက်ခြမ်းယဉ်ကျေးမှု ဖွံ့ဖြိုးစည်ပင်ခြင်းကို မြှင့်တင်ရာတွင် အပြုသဘောစွမ်းအင်များ ပိုမိုဖြည့်တင်းသွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ahmed Ghoneim က ဆင်ဟွာသတင်းဌာနသည် ကမ္ဘာတစ်ဝန်းလွှမ်းခြုံထားသည့် နိုင်ငံတကာဖြန့်ချိမှုကွန်ရက်ဖြင့် မဟာအီဂျစ်ပြတိုက် (GEM) ၏ နိုင်ငံတကာအရှိန်အဝါကို ထိရောက်စွာ တိုးချဲ့ပေးခဲ့ကြောင်း၊ ဆင်ဟွာသတင်းဌာနနှင့်အတူ ရှိရင်းစွဲ ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှု အခြေခံပေါ်တွင် ပူးပေါင်းဆောင်ရွက်မှုယန္တရားကို တစ်ဆင့်တိုး ဆန်းသစ်သွားရန်၊ လူသားမျိုးနွယ် ယဉ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန်လေ့လာရေးကို အတူတကွ တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
傅华会见大埃及博物馆馆长古奈姆
新华社开罗5月10日电(记者徐皓夫 姚兵)新华社社长傅华10日在开罗会见大埃及博物馆馆长艾哈迈德·古奈姆。
傅华表示,大埃及博物馆不仅是埃及人民的骄傲,更是人类文明交流互鉴的重要见证。新华社愿同大埃及博物馆进一步深化交流合作,秉持平等、互鉴、对话、包容的文明观,践行全球文明倡议,为中埃两国深化文明对话、促进全球南方文化繁荣发展注入更多正能量。
古奈姆表示,新华社依托覆盖全球的国际传播网络,有效扩大了大埃及博物馆的国际影响力。愿与新华社在现有良好合作基础上,进一步创新合作机制,共同推动人类文明交流互鉴。(完)
1. 5月10日,新华社社长傅华在开罗会见大埃及博物馆馆长艾哈迈德·古奈姆。 新华社记者 刘磊 摄
