Connect with us

Africa & Middle East

ကင်မရွန်းနိုင်ငံတွင် အကူအညီပေးသည့် တရုတ်ဆေးကုသရေးအဖွဲ့ အခမဲ့ဆေးကုသပေးမှု လုပ်ဆောင်

ကင်မရွန်းနိုင်ငံ အလယ်ပိုင်းဒေသကြီး Ayos တွင် တရုတ်ဆရာဝန်က လူနာတစ်ဦးအား နားအတွင်း စစ်ဆေးမှု လုပ်ဆောင်ပေးနေသည်ကို ၂၀၂၆ ခုနှစ် မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယောင်အွန်ဒေး၊ မေ ၁၁ ရက် (ဆင်ဟွာ)

ကင်မရွန်းနိုင်ငံတွင် အကူအညီပေးသည့် ၂၅ သုတ်မြောက် တရုတ်ဆေးကုသရေးအဖွဲ့သည် မကြာသေးမီက ကင်မရွန်းနိုင်ငံ အလယ်ပိုင်းဒေသကြီး Ayos သို့သွားရောက်ကာ နှစ်ရက်ကြာ “အဖွဲ့တစ်ရာ ရွာတစ်ထောင်ခရီး” ခေါင်းစဉ်ဖြင့် အခမဲ့ဆေးကုသပေးမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

တရုတ်ဆေးကုသရေးအဖွဲ့သည် ဒေသတွင်း ရာသီဥတုထူးခြားချက်နှင့် အဖြစ်များသော ရောဂါများ၊ ရောဂါအဖြစ်များမှု အခြေအနေနှင့်ပေါင်းစပ်ကာ ထိုနေရာတွင်ပင် အထွေထွေကုသမှုဌာန၊ ခွဲစိတ်ကုသမှုဌာန၊ သားဖွားနှင့်မီးယပ်ဌာန၊ အရိုးဌာန၊ ခံတွင်းဌာန၊ နား၊ နှာခေါင်း၊ လည်ချောင်းဌာန၊ မျက်စိဌာန၊ အပ်စိုက်ဌာနနှင့် ပြန်လည်သန်စွမ်းရေးဌာန စသည့် ဆေးကုသရေးဌာနများစွာ ဖွင့်လှစ်ခဲ့သည်။ ဒေသတွင်း၌ နာကျင်မှုဖြစ်ပွားသော ရောဂါအမျိုးအစား လူနာများသဖြင့် တရုတ်တိုင်းရင်းဆေး အပ်စိုက်ကုသမှုသည် လူနာများကြား၌ လူကြိုက်များခဲ့သည်။ ယခုအကြိမ်လှုပ်ရှားမှုတွင် စုစုပေါင်း ဒေသခံ အကြိမ်ရေ ၃၅၀ ခန့်ကို ဝန်ဆောင်မှုပေးခဲ့ပြီး ဆေးအမျိုးအစားပေါင်း ၃၁ မျိုး ပေးဝေခဲ့သည်။
တရုတ်ဆေးကုသရေးအဖွဲ့ခေါင်းဆောင် လျိုစိန့်ပင်းက ယခုအကြိမ်လှုပ်ရှားမှုသည် ဆေးကုသမှု၏ မူလရည်မှန်းချက်ကို လက်တွေ့ဖော်ဆောင်၍ တရုတ်-အာဖရိက ချစ်ကြည်ရင်းနှီးမှုကို လက်ဆင့်ကမ်းရန် ရည်ရွယ်ကြောင်း၊ ဆေးကုသရေးအဖွဲ့သည် ဆက်လက်ပြီး ကျွမ်းကျင်သော ဆေးကုသမှုဖြင့် ပြည်သူများအခက်အခဲကို ဖြေရှင်းပေးကာ နွေးထွေးသောဝန်ဆောင်မှုဖြင့် သံယောဇဉ်များကို လက်ဆင့်ကမ်းသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းပြည်သူများ ဆေးကုသမှုခံယူရန် အခက်အခဲကို ကြိုးပမ်းဖြေရှင်းပေးကာ ဆေးကုသကူညီပေးမှုဖြင့် တရုတ်-ကင်မရွန်း နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရေးကို နက်ရှိုင်းလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၁၉၇၅ ခုနှစ်မှစ၍ တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ်သည် ကင်မရွန်းနိုင်ငံသို့ ဆေးကုသရေးအဖွဲ့ ၂၅ သုတ် စေလွှတ်ခဲ့ပြီးဖြစ်ရာ လူဦးရေအားဖြင့် အကြိမ်ရေ ၈၁၁ ကြိမ် ကင်မရွန်းနိုင်ငံ ဒေသများစွာသို့သွားရောက်၍ ကုသရေးဝန်ဆောင်မှု လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

——————
(Chinese Version)
中国援喀麦隆医疗队开展义诊活动
新华社雅温得5月10日电(记者王泽)中国(山西)第25批援喀麦隆医疗队日前赴喀麦隆中部大区阿约斯,开展为期两天的“百队千村行”主题义诊活动。
中国医疗队结合当地气候特点及常见病、多发病规律,现场开设了内科、外科、妇科、骨科、口腔科、耳鼻喉科、眼科、针灸科及康复科等多个临床科室。当地疼痛类疾病患者较多,中医针灸备受患者青睐。本次活动累计服务当地民众约350人次,发放药品31种。
中国医疗队队长刘胜滨表示,此次活动旨在践行行医初心、传递中非友好。医疗队将持续以精湛医术解民忧,以暖心服务传温情,努力缓解当地民众就医难题,通过医疗帮扶深化中喀两国人民之间的情谊。
自1975年以来,中国山西省已先后向喀麦隆派出25批医疗队、共计811人次深入喀麦隆多个地区开展诊疗服务。(完)
图说1:5月7日,在喀麦隆中部大区阿约斯,中国医生为一名患者进行耳部检查(手机照片)。新华社发