Africa & Middle East
တရုတ်နိုင်ငံနှင့် မိတ်ဖက်ဆက်ဆံရေး ၊ ပူးပေါင်းဆောင်ရွက်ရေး လုပ်ဆောင်မည်ဟု အီသီယိုးပီးယားပြော
အဒစ်အက်ဘာဘာ ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ)
အီသီယိုးပီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်ပယ်အများအပြားတွင် ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့ပြီး ခိုင်မာသောမိတ်ဖက်ဆက်ဆံရေးတစ်ခုအတွက် တွန်းအားပေးခဲ့ကြောင်း အီသီယိုးပီးယားအစိုးရအဆင့်မြင့်အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၉ ရက်တွင်ပြောကြားခဲ့သည်။
အီသီယိုးပီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Workneh Gebeyehu က အဒစ်အက်ဘာဘာမြို့၌ ပြောကြားရာတွင် အီသီယိုးပီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် နှစ်ဖက်အပြန်အလှန်အကျိုးရှိသော ဆက်ဆံရေး နှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း ဆိုခဲ့သည်ဟု အီသီယိုးပီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။
အဆိုပါ ကြေညာချက်မှာ အီသီယိုးပီးယားနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသည့် တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Chen Xiaodong နှင့် အီသီယိုးပီးယားနိုင်ငံခြားရေးဝန်ကြီးတို့၏ အစည်းအဝေးပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ တရုတ်နိုင်ငံ နှင့် နှစ်ဖက်အပြန်အလှန်ဆက်ဆံရေး နှင့် တရုတ်အာဖရိကပူးပေါင်းဆောင်ရွက်မှုဖိုရမ်ဟာ အာဖရိကတိုက်မှာ စဉ်ဆက်မပြတ်စီးပွားရေးဖွံံ့ဖြိုးတိုးတက်မှုရည်မှန်းချက်အောင်မြင်စေရန် ပြည့်စုံကောင်းမွန်သော စီးပွားရေးမိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်နေခဲ့ခြင်းဖြစ်ပါတယ်” ဟု Gebeyehu က ပြောကြားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သော ဇန်နဝါရီလက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အီသီယိုးပီးယားနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့ပြီးနောက် အီသီယိုးပီးယားဝန်ကြီးချုပ် Abiy Ahmed အပါအဝင် အီသီယိုးပီးယားအဆင့်မြင့်အရာရှိများစွာနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)