Connect with us

Africa & Middle East

ဆီးရီးယား ဒုက္ခသည်စခန်းတွင် အခြေအနေဆိုးရွားမှုကြောင့် လူ ၄၅ဦးသေဆုံး

ဆီးရီးယားနိုင်ငံရှိ ဒုက္ခသည် စခန်းတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေမှာ ကြမ်းတမ်းခက်ခဲမှုကြောင့် ကလေးငယ်အများစု အပါအဝင် စုစုပေါင်း လူ ၄၅ဦး မကြာသေးမီကသေဆုံးခဲ့ကြောင်း စစ်ပွဲဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့တစ်ခုက ဖေဖော်ဝါရီ ၉ရက်ကပြောကြားခဲ့သည်။

နိုင်ငံအရှေ့မြောက်ပိုင်း al-Hasakah ပြည်နယ် အစွန်ရှိ al-Hol ဒုက္ခသည်စခန်းတွင် သေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကပြောကြားခဲ့သည်။

အဆိုပါ ဧရိယာတွင် ရေလွှမ်းမိုးမှုကြောင့် ယာယီတဲပေါင်းများစွာ နှစ်မြှုပ်ခဲ့ရကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ကြမ်းတမ်းခက်ခဲခဲ့ကြောင်း သိရသည်။ အဆိုပါ စခန်းအတွင်း ရာပေါင်းများစွာသော မိသားစုများသည် အမိုးအကာများမရှိဘဲနေထိုင်နေရကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ကပြောကြားခဲ့သည်။

လူ ၄၀,၀၀၀ခန့်သည် အဆိုပါ စခန်းသို့ ဒုက္ခသည်အဖြစ် ဝင်ရောက်လာကြပြီး အများစုသည် IS စစ်သွေးကြွတို့ ထိန်းချုပ်ထားသည့် ဆီးရီးယားအရှေ့ပိုင်းမှ ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဧရိယာအား ကာ့ဒ်စစ်သွေးကြွများက ထိန်းချုပ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.