Connect with us

China

ဖုဟွာနှင့် ရုရှား NMG အမှုဆောင်အရာရှိချုပ် Svetlana Balanova တွေ့ဆုံဆွေးနွေး

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် ရုရှား National Media Group (NMG) အမှုဆောင်အရာရှိချုပ် Svetlana Balanova တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၆ ခုနှစ် မေ ၁၉ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် ရုရှား National Media Group (NMG) အမှုဆောင်အရာရှိချုပ် Svetlana Balanova တို့သည် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မေ ၁၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက မီဒီယာပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ရုရှား ပြည်သူအချင်းချင်း ယဉ်ကျေးမှု ဖလှယ်ခြင်း၏ အရေးကြီးအစိတ်အပိုင်းဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ အပြန်အလှန် နားလည်သိရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးအတွက် အစားထိုးမရသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ ဆင်ဟွာသတင်းဌာနအနေဖြင့် ရုရှား NMG နှင့်အတူလက်တွဲ၍ သတင်းတင်ဆက်မှုဆိုင်ရာ ညှိနှိုင်းပံ့ပိုးမှုယန္တရား တည်ဆောက်ရန်၊ အချိန်နှင့်တစ်ပြေးညီ အချက်အလက် အတူမျှဝေရေး ယန္တရား ထူထောင်ရန်၊ ဉာဏ်ရည်တု (AI) နည်းပညာ အသုံးပြုမှု စသည့် ရှေ့ပြေးကဏ္ဍလုပ်ငန်းများ ဖလှယ်ရန် ကြိုးပမ်းဆောင်ရွက်ပြီး တရုတ်-ရုရှား ခေတ်သစ်ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းစေရန်အတွက် အင်အားများဖြင့်အကျိုးဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။
Svetlana Balanova က ဆင်ဟွာသတင်းဌာနအနေဖြင့် NMG လုပ်ငန်းအသီးသီးအတွက် ပံ့ပိုးပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ ဆင်ဟွာသတင်းဌာနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေပြီး နှစ်နိုင်ငံ ပရိသတ်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ပိုမိုစစ်မှန်သောအသံများ ဖြန့်ချိပေးသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
傅华会见俄罗斯国家媒体集团总裁巴拉诺娃
新华社北京5月19日电(记者孙楠)新华社社长傅华19日在北京会见俄罗斯国家媒体集团总裁巴拉诺娃。
傅华表示,媒体合作是中俄人文交流的重要组成部分,为增进两国人民相互了解和友谊发挥了不可替代的作用。新华社愿与俄国家媒体集团携手努力,构建新闻报道协同支持机制,打造实时信息共享机制,交流人工智能技术应用等前沿领域业务,为深化中俄新时代全面战略协作伙伴关系贡献力量。
巴拉诺娃感谢新华社对集团各项业务的支持,表示愿同新华社深化合作,向两国受众及国际社会传递更加真实的声音。(完)
图说:5月19日,新华社社长傅华在北京会见俄罗斯国家媒体集团总裁巴拉诺娃。 新华社记者李响摄


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117