Connect with us

China

အရှေ့အလယ်ပိုင်းအခြေအနေနှင့် စပ်လျဉ်း၍ ရှီကျင့်ဖိန် ဆွေးနွေး

ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်လျက်ရှိသည့် ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် မေ ၂၀ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ဒေသအခြေအနေသည် စစ်ပွဲနှင့် ငြိမ်းချမ်းရေး အလှည့်အပြောင်း ဖြစ်သည့် အရေးကြီးအခိုက်အတန့်တွင် ရှိနေကြောင်း၊ ဘက်စုံစစ်ပွဲရပ်တန့်မှုသည် အချိန်နှင့်အမျှ အရေးတကြီးလိုအပ်နေပြီး စစ်ပွဲပြန်လည်စတင်ခြင်းသည် ပို၍မပြုလုပ်သင့်သလို ဆွေးနွေးညှိနှိုင်းမှုအား လက်ကိုင်ထားခြင်းသည် အထူးပင်အရေးကြီးကြောင်း ထောက်ပြခဲ့သည်။
စစ်ပွဲအား ဆောလျင်စွာအဆုံးသတ်ခြင်းသည် စွမ်းအင်ပံ့ပိုးမှု တည်ငြိမ်ရေး၊ ကုန်ထုတ်လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် အဆင်ပြေချောမွေ့ရေး၊ နိုင်ငံတကာစည်းစနစ်အပေါ် အနှောင့်အယှက်ဖြစ်မှုတို့အား လျှော့ချရေးအတွက် အထောက်အကူပြုကြောင်း၊ မိမိအနေဖြင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းတည်ငြိမ်မှုအား ကာကွယ်ထိန်းသိမ်းရန်နှင့် မြှင့်တင်ရန်အတွက် အဆိုပြုချက်လေးရပ် အဆိုပြုခြင်းမှာ နိုင်ငံတကာသဘောတူညီချက်များကို တစ်ဆင့်တိုးစုစည်း၍ အခြေအနေ အရှိန်ပြေလျော့ရေး၊ စစ်ပွဲရပ်တန့်၍ ငြိမ်းချမ်းရေးမြှင့်တင်ရန်အတွက် အကျိုးထမ်းဆောင်ပေးရန် မျှော်လင့်ခြင်းပင်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
习近平谈中东局势
新华社北京5月20日电 5月20日上午,国家主席习近平在北京人民大会堂同来华进行国事访问的俄罗斯总统普京举行会谈。
习近平指出,中东海湾地区局势正处于战和转换的关键节点。全面止战刻不容缓,重启战端更不可取,坚持谈判尤为重要。战事尽早平息有助于减少对能源供应稳定、产业链供应链畅通和国际贸易秩序的干扰。我提出维护和促进中东和平稳定的四点主张,就是希望进一步凝聚国际社会共识,为缓局降温、止战促和作出贡献。(完)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117