Connect with us

Education & Health

ဧရာဝတီတိုင်းဒေသကြီး တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စုစုပေါင်း ၉၄,၉၄၀ ဦး ဝင်ရောက် ဖြေဆိုသွားမည်

ကျောင်းသူ၊ကျောင်းသားများ အားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အတွင်းဖြေ ၆၈,၆၁၄ ဦး၊ အပြင်ဖြေ ၂၆,၃၂၆ ဦး၊ စုစုပေါင်း ၉၄,၉၄၀ ဦးတို့ ဝင်ရောက် ဖြေဆိုသွားမည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် စာစစ်ဌာန ၂၄၈ ခုရှိခဲ့ရာမှ ယခုနှစ်တွင် ၂၇၀ အထိ တိုးမြှင့်ဖွင့်လှစ် ထားကြောင်း၊ စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ သင်ကြားရေးဆရာ ဆရာမများ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပါ လုံခြုံရေး ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၌ ကိုယ်အင်္ဂါ မသန်စွမ်းနှင့် အကြားအာရုံချို့တဲ့သူ ၂၄ ဦးလည်း ဝင်ရောက်ဖြေဆို သွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။တိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကိုယ်အင်္ဂါ မသန်စွမ်း ၂၄ ဦး ၊ အကြားအာရုံချို့တဲ့ သူတစ်ဦးတို့ပါဝင်ဖြေဆိုခဲ့ကြပြီး ၂၀၁၉ ခုနှစ် စာမေးပွဲတွင် ကိုယ်အင်္ဂါမသန်စွမ်း ၁၁ ဦး၊ အကြား အာရုံချို့တဲ့သူ ၁၃ ဦးတို့ ဝင်ရောက်ဖြေဆို သွားမည် ဖြစ်ကြောင်းသိရသည်။ဧရာဝတီတိုင်းဒေသကြီး၌ ၂၀၁၈ ခု နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အတွင်းဖြေ ၆၅,၁၁၆ ဦး၊ အပြင်ဖြေ ၂၉,၀၅၃ ဦး ၊စုစုပေါ င်း ၉၄,၁၆၉ ဦး ရှိခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117