Politics, Law & Military
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိနှင့် ဗြိတိန်အစိုးရ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး
ပေကျင်း၊ မေ ၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် မေ ၈ ရက်က ပေကျင်းမြို့တွင် ဗြိတိန်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဝန်ကြီးချုပ်၏အမျိုးသားလုံခြုံရေး အကြံပေး မစ္စတာ Mark Sedwillဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် ဗြိတိန်နှင့်အတူ ဆွေးနွေးဖလှယ်မှုများ မြှင့်တင်ဆောင်ရွက်ပြီး နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို တိုးပွားစေရန် နှင့်လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင် ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ်-ဗြိတိန် ဆက်ဆံရေး၏ ရွှေရောင်ခေတ်ကို အားသစ်လောင်ပေးနိုင်ရန် ရပ်ဝန်းနှင့်ပိုးလမ်းမ (ခေတ်သစ် ပိုးလမ်းမကြီး)တည်ဆောက်ရေးတွင် ဗြိတိန် ပိုမိုတက်ကြွစွာပါဝင်မှုများကိုလည်း ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
မစ္စတာ Mark Sedwill ကလည်း ဗြိတိန်အနေဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ (ခေတ်သစ် ပိုးလမ်းမကြီး) အဆိုပြုချက်ကို ထောက်ခံအားပေးကြောင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားလိုကြောင်း ၊ နိုင်ငံတကာ စီးပွားရေးစနစ် တွင် တရုတ်နိုင်ငံသည် ပိုမိုအကျိုးဆောင်ပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)