Videos
အီဂျစ်နိုင်ငံက ဂင်းနစ်စံချိန်တင်ကမ္ဘာ့ အကျယ်ဆုံး ကြိုးတံတားတစ်စင်းကို ဖွင့်လှစ်
ဂျကာတာ၊ မေ ၁၇ ရက်(ဆင်ဟွာ)
အီဂျစ်နိုင်ငံက Rod al-Farag ဟု အမည်ရသည့် ကမ္ဘာ့ အကျယ်ဆုံး ကြိုးတံတားတစ်စင်းကို နိုင်းမြစ် အပေါ်ဖြတ်သန်းကာ တည်ဆောက်နိုင်ခဲ့ကြောင်းသိရသည်။ တံတားကြီး၏ အရှည်မှာ ၁၆.၇ ကီလိုမီတာရှိပြီး အပိုင်း ၅ပိုင်း ခွဲကာ တည်ဆောက်ထားသည်။ အဆိုပါတံတားကြီးမှာ အီဂျစ်နိုင်ငံ၏ မြို့တော် ကိုင်ရိုမြို့၏ မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့ကို ချိတ်ဆက်သွယ်တန်းထားပြီး ယာဉ်ကြောပိတ်ဆို့မှု နှင့် ခရီးသွားကြာမြင့်ချိန်ကို လျှော့ချနိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်သည်။ တံတားကြီးကို အင်ဂျင်နီယာ များ၊ နည်းပညာရှင်များနှင့် အလုပ်သမားများ စုစုပေါင်း ၄ဝဝဝ ကျော် ပူးပေါင်းတည်ဆောက်ခဲ့ရပြီး လမ်း အကျယ်မှာ ၆၄.၇ မီတာကျယ်ဝန်းသောကြောင့် ကမ္ဘာ့အကျယ်ဆုံး ကြိုးတံတားကြီးအဖြစ် ဂင်းနစ်စံချိန်တင် ခဲ့သည်။ (Xinhua)