Connect with us

Latin America

ဘိုလီးဗီးယားနိုင်ငံ တွင် မော်တော်ယာဉ်နှစ်စီးခေါင်းချင်းဆိုင်တိုက်မိမှုဖြစ်ပွား၊ လူ ၁၁ဦးသေဆုံး

ဘိုလီးဗီးယားနုိင္ငံ La Paz ၿမိဳ႕အားေတြ႔ရစဥ္ (ဆင္ဟြာ)

လာပါဇ်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

ဘိုလီးဗီးယားနိုင်ငံ အနောက်တောင်ဘက်တွင် သြဂုတ် ၁၂ ရက်၌ ကုန်တင်ထရပ်ကားတစ်စီး နှင့် မီနီဘတ်စ်တစ်စီး တို့မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၁၁ ဦးသေဆုံးခဲ့ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Oruro နှင့် Potosi ဒေသများအကြား Panamerican အဝေးပြေးလမ်း ပေါ်တွင် ၎င်းယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Oruro ပြည်နယ် ရှိ ပို့ဆောင်ရေးစနစ်ဆိုင်ရာ ညွှန်ကြားရေးမှူး Victor Hugo Lizarazu ကပြောသည်။

ဓာတ်သတ္တုများသယ်ဆောင်လာသော ကုန်တင်ထရပ် ကားသည် မျက်နှာချင်းဆိုင်ယာဉ်ကြောရှိ မီနီဘတ်စ် တစ်စီးကို တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

၎င်းယာဉ်မတော်တဆမှု နှင့် ပတ်သက်၍ တာဝန်ရှိသူများ မှ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နေစဉ်အတွင်း မော်တော်ယာဉ်နှစ်စီးမှ ယာဉ်မောင်းများမှာ ရဲတပ်ဖွဲ့စောင့်ကြည့်မှုအောက်တွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

၎င်းယာဉ်တိုက်မှုက La Paz မြို့ ၏ မြောက်ဘက်တွင် ဆရာဝန် နှင့် သူနာပြုများ ပါသော စေတနာ့ဝန်ထမ်းအဖွဲ့ကို သယ်ဆောင်လာသည့် ခရီးသည်တင်ကားသည် မီတာ ၂၀၀ ကျော် ရှိ လျှိုမြောင်တစ်ခုအတွင်းထိုးကျ ကာ လူ၁၅ဦး သေဆုံးခဲ့ပြီး လူအယောက် ၂၀ နှင့် အထက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဉ်မတော်တဆမှုဖြစ်ပွားပြီးနောက် တစ်ပတ်အကြာတွင် ထပ်မံဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117