Connect with us

Politics, Law & Military

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကျပ်သိန်း ၄၀၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(CCDAC)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စက်တင်ဘာ ၂၆ ရက်တွင် ကျပ်သိန်း ၄၀၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သောသတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၃)မိုးညှင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဖားကန့်မြို့နယ်၊ မှော်ရှန်ကျေးရွာရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်မီးဖိုဆောင်အတွင်းရှိ ဆာလာအိတ် ထဲမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၈,၆၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃,၉၃ဝ သိန်း)နှင့် အိပ်ခန်း အတွင်းရှိ ဆာလာအိတ်ထဲမှ ဆပ်ပြာခွက်များဖြင့်ထည့်လျက် စုစုပေါင်းဘိန်းဖြူအလေးချိန် ဝ.၁၇ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၆၁.၅ သိန်း)၊ မြန်မာငွေကျပ် ၆.၂ သိန်းနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး ဖားကန့်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော် ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.