Connect with us

Sport

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် တာဂျစ်ကစ္စတန် လက်ရွေးစင်ဘောလုံးအသင်းတို့နိုဝင်ဘာလ ၁၄ ရက်တွင် မန္တလာသီရိကွင်း ၌ခြေစစ်ပွဲကစားမည်

မြန်မာအသင်းလေ့ကျင့်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် တာဂျစ်ကစ္စတန် လက်ရွေးစင်ဘောလုံးအသင်းတို့၏ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကို နို၀င်ဘာ ၁၄ရက် ညနေ ၅နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလာသီရိကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။ 

တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယား အသင်းတို့နှင့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲများ အဖြစ် ယှဉ်ပြိုင်ကစားရန် ရှိသည့် မြန်မာ့လက်ရွေးစင် အသင်းသည် ယနေ့နံနက်ပိုင်းက မြန်မာအမျိုးသား ဘောလုံးအကယ်ဒမီ (မန္တလေး)ရှိ လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

နိုဝင်ဘာ ၁၄ရက်၊ ညနေ ၅နာရီ အချိန်တွင် ယှဉ်ပြိုင် ကစားရမည့် မြန်မာနှင့် တာဂျစ်ကစ္စတန် အသင်းတို့ ပွဲစဉ်၏ ကြိုတင်လက်မှတ်များကို မြန်မာအမျိုးသား ဘောလုံးအကယ်ဒမီ (မန္တလေး)နှင့် မန္တလာသီရိ အားကစားကွင်း အရှေ့ဘက်ဝင်ပေါက် (၆၈လမ်းဘက်အခြမ်း)တို့တွင် နိုဝင်ဘာ ၁၁ ရက်နေ့ ကတည်းက အထူးတန်း ၂၀၀၀ ကျပ်၊ ရိုးရိုးတန်း ၁၀၀၀ ကျပ်ဖြင့် ရုံးချိန်အတွင်း စတင်ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.