Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ်၊ နမ့်စန်မြို့ ၏ မြောက်ဘက်(၁၃)မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) 

ရှမ်းပြည်နယ်၊ နမ့်စန်မြို့ ၏ မြောက်ဘက်(၁၃)မိုင်ခန့်အကွာ တွင် အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။ 

အဆိုပါငလျင်သည် နိုဝင်ဘာလ (၁၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၃၆)မိနစ်၊ (၂၅) စက္ကန့် အချိန်တွင် နမ့်စန်မြို့၏ မြောက်ဘက်(၁၃)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၁.၀၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၇၃)ဒီဂရီ တွင်လှုပ်ရှားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ 

နမ့်စန်မြို့တွင်ငလျင်လှုပ်ရှားမှု အား ခံစားသိရှိမိခဲ့ကြကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.