Science & Technology
ချင်းပြည်နယ်၊ ဖလမ်း(ဆူရ်ဘုန်)လေဆိပ်သစ် တည်ဆောက်ရေး စီမံကိန်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်လျက်ရှိ
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
ချင်းပြည်နယ်၊ ဖလမ်း(ဆူရ်ဘုန်)လေဆိပ်သစ် တည်ဆောက်ရေး စီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်လျက်ရှိကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါ လေဆိပ်တည်ဆောက်ရေး ပြီးစီးပါက ATR-72 လေယာဉ်များ ဆင်း/တက် အသုံးပြုနိုင်ရန် အတွက်လည်း ကြိုးပမ်းလျက်ရှိကြောင်း၊ ထို့အပြင် ပေ ၆၀ အမြင့်ရှိ လေကြောင်း ထိန်းမျှော်စင်နှင့်တွဲလျက် မီးသတ် အဆောက်အဦ၊ DVOR အတွက် Structure Foundation တည်ဆောက်ရေး လုပ်ငန်းများလည်း ဆောင်ရွက်နေကြောင်းသိရသည်။မြန်မာနိုင်ငံတွင် လေယာဉ်ကွင်း ၆၉ ကွင်း ရှိပြီး အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုနှင့် ပြည်တွင်းလေဆိပ် ၃၁ ခုရှိကြောင်း ၊ ယခုဆောင်ရွက်လျက်ရှိသော ဆူရ်ဘုန် လေယာဉ်ကွင်းသစ်တည်ဆောက်ပြီးစီးပါက တောင်တန်းထူးထပ်သော ချင်းပြည်နယ်အတွက် ပထမဆုံးလေဆိပ် ဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)