Videos
တရုတ်နိုင်ငံအရှေ့ပိုင်းတွင်Drone များဖြင့်စောင့်ကြည့်ကာ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကိုကာကွယ်
ကျန်းစူး၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက နိုဗယ်ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်မြှင့်ကာဆောင်ရွက်လျက်ရှိပြီး နိုင်ငံတစ်ဝန်းလုံးရှိပြည်သူများကလည်း ထိုရောဂါဆိုးကြီးကို တိုက်ဖျက်ရန် နည်းလမ်းပေါင်းစုံနှင့် တစ်တပ်တစ်အား ပါဝင်လျက်ရှိသည်။
တရုတ်နိုင်ငံအရှေ့ပိုင်းကျန်းစူးပြည်နယ် စုရန် စီရင်စုတွင် နယ်မြေရဲတပ်ဖွဲ့မှ ဗဟိုလမ်းမကြီးများ တစ်လျှောက်သွားလာနေကြသူများကို မျက်နှာဖုံးများမပြတ်တပ်ဆင်ထားရန် Drone များဖြင့် ကြည့်ရှု ကာ မျက်နှာဖုံး မတပ်ဆင်ရသေးသူများကို တာဝန်ကျသည့်ရဲတပ်ဖွဲ့ဝင်မှ အသံချဲ့စက်ဖြင့် သတိပေး ညွှန်ကြားချက် များ ပေးလျက်ရှိသည်။ ကျွမ်းကျင်သူများက လူထူထပ်သည့်နေရာများတွင် မျက်နှာဖုံးများကိုတပ်ဆင်ထားခြင်းသည် မိမိကိုယ်ကို အကောင်းဆုံးကာကွယ်ခြင်းဖြစ်ပြီး နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ကာကွယ်ရာရောက်ကြောင်း ဆိုသည်။(Xinhua)