Connect with us

ASEAN

အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါ အသစ်ထပ်တိုးလူနာ ၁,၀၀၀နီးပါးရှိ ၊ မွမ်ဘိုင်းမြို့ရှိ ရေတပ်စခန်းတစ်ခုတွင် တပ်ဖွဲ့ဝင်များ ကူးစက်ခံရဟုဆို

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှ မိမိနေရပ်ဌာနေသို့ လမ်းလျှောက်ပြန်ကြသူများအား မတ် ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

ဧပြီ ၁၈ ရက် ၁၇:၀၀ နာရီအထိ အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ အသစ်ထပ်တိုးအတည်ပြုလူနာ ၉၅၇ ဦး ရှိရာ စုစုပေါင်းအတည်ပြုလူနာ ၁၄,၇၉၂ ဦးထိရောက် ရှိသွားပြီဖြစ်ကြောင်းနှင့် သေဆုံးသူ စုစုပေါင်း ၄၈၈ ဦး နှင့် ရောဂါသက်သာပျောက်ကင်းသွားသူ ၂,၀၁၅ ဦး ရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၁၈ ရက်က ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရသိရသည်။ 

မွမ်ဘိုင်းမြို့အခြေစိုက် အိန္ဒိယရေတပ်စခန်းတစ်ခုတွင် တပ်ဖွဲ့ဝင် ၂၁ ဦး ရောဂါ ကူးစက်ခံထားရကြောင်း  အိန္ဒိယ ရေတပ် အဆင့်မြင့်အရာရှိတစ်ဦးက ဧပြီ ၁၈ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ ၎င်းမှာ အိန္ဒိယရေတပ်တွင် COVID-19 ရောဂါအတည်ပြုလူနာရှိကြောင်း ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရေတပ်အတွင်း ရောဂါပိုးကူးစက်ခံထားရသူအများစုမှာ ရောဂါလက္ခဏာမပြသူများဖြစ်ကြောင်း၊ လက်ရှိတွင် မွမ်ဘိုင်းမြို့ ရေတပ်ဆေးရုံ၌ သီးခြားထားကာ ကျန်းမာရေးအခြေအနေ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။ 

အိန္ဒိယသတင်းမီဒီယာများက ၎င်းဖြစ်ရပ်သည် မွမ်းဘိုင်း၏ COVID-19ရောဂါကူးစက်မှုအခြေအနေ ဆိုးဝါးနေသည်ကို ဖော်ပြခြင်းဖြစ်သည်ဟု ဆိုသည်။  မွမ်းဘိုင်းမြို့သည် မဟာရရှ်တရာပြည်နယ် တွင်တည်ရှိပြီး အိန္ဒိယနိုင်ငံ၏ လက်ရှိ ကပ်ရောဂါအခြေအနေအဆိုးဝါးဆုံးဒေသများအနက် တစ်ခုဖြစ်ရာ စုစုပေါင်း အတည်ပြုလူနာ ၃,၃၀၀ ကျော်ရှိကြောင်း သိရသည်။

 ရောဂါကူးစက်ခံရသော မွမ်းဘိုင်းရေတပ်စခန်းသည် အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရေတပ်ဌာနချုပ်၏ ထောက်ပို့အခြေစိုက်စခန်းဖြစ်ရာ ထိုမှတစ်ဆင့် စစ်သင်္ဘောများသို့ ရောဂါပြန့်ပွားနိုင်ခြေရှိကြောင်း ဆိုသည်။ အသွားအလာကန့်သတ်ခြင်း ပိတ်ဆို့ကာလ ထပ်တိုးမှုနှင့်အတူ နိုင်ငံခြားသားများအား ခွင့်ပြုပေးသည့် ဗီဇာတချို့ ယာယီရပ်ဆိုင်းထားမှုကိုလည်း မေလ ၃ ရက်အထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ဧပြီ ၁၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117