Connect with us

China

မြစ်ဝါမြစ်၏ “အကွေ့အကောက်” သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးတိုက်ပွဲ အတွင်းမွန်ဂိုလီးယားဒေသ ဟန်ကျင်ချီတွင် လုပ်ဆောင်

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အဲ့အယ်တောစစ်မြို့ ဟန်ကျင်းချီရှိ ခုပုချီသဲကန္တာရတွင် သဲကန္တာရထိန်းသိမ်းရေးလုပ်သားများက သဲအကာအရံများ ခင်းကျင်းနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဲ့အယ်တောစစ် (အတွင်းမွန်ဂိုလီးယား)၊ မေ ၁၃ ရက် (ဆင်ဟွာ)

နွေရာသီအစောပိုင်းကာလတွင် တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အဲ့အယ်တောစစ်မြို့ ဟန်ကျင်းချီရှိ ခုပုချီသဲကန္တာရတွင် သဲကန္တာရစီမံခန့်ခွဲရေးလုပ်သားများက သဲအကာအရံများ ခင်းကျင်းရန် အလုပ်များနေကြပြီး သဲကန္တာရစီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
မကြာသေးမီနှစ်များအတွင်း ဟန်ကျင်ချီသည် သဲကန္တာရအသွင်ပြောင်းမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ခဲ့ပြီး၊ ခုပုချီသဲကန္တာရ အနီးအနားတွင် သစ်တောနှင့် မြက်ခင်းရပ်ဝန်း၊ သဲမုန်တိုင်းလမ်းကြောင်းတွင် အတားအဆီးရပ်ဝန်း၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများဖြင့် သဲကန္တာရစီမံခန့်ခွဲရေးရပ်ဝန်း စသည့် စီမံကိန်းများကို တည်ဆောက်ကာ မြစ်ဝါမြစ်၏ “အကွေ့အကောက်” သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးတိုက်ပွဲတွင် အောင်မြင်မှုရရှိစေရန် အခိုင်အမာ ကြိုးပမ်းလျက်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အဲ့အယ်တောစစ်မြို့ ဟန်ကျင်းချီရှိ ခုပုချီသဲကန္တာရတွင် ဒေါင်လိုက်ကောက်ရိုးကွက် သဲအကာအရံများ စိုက်နေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………..
(Chinese Version)
内蒙古杭锦旗:黄河“几字弯”攻坚战进行时
新华社照片,鄂尔多斯(内蒙古),2026年5月12日
初夏时节,在内蒙古鄂尔多斯市杭锦旗境内的库布其沙漠,治沙工人忙碌地铺设沙障,进行沙漠治理。近年来,杭锦旗有序推进荒漠化防治工作,建设库布其沙漠锁边林草带、风沙路径阻隔带、光伏治沙带等治沙项目,坚决打赢黄河“几字弯”攻坚战。
图说1:5月12日,治沙工人在内蒙古鄂尔多斯市杭锦旗境内的库布其沙漠铺设沙障。 新华社记者 贝赫 摄
图说2:5月12日,治沙工人在内蒙古鄂尔多斯市杭锦旗境内的库布其沙漠栽植立式网格沙。新华社记者 贝赫 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.