North America
အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲ ပစ်ခတ်မှု သံသယရှိသူက စွပ်စွဲချက်အပေါ် ဝန်ခံခြင်း မရှိ
ဝါရှင်တန်၊ မေ ၁၂ ရက် (ဆင်ဟွာ)
အမေရိကန် အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲ ပစ်ခတ်မှု သံသယရှိသူ Cole Allen အား မေ ၁၁ ရက်တွင် ကိုလံဘီယာခရိုင် ဖက်ဒရယ်တရားရုံး၌ ရုံးထုတ်ခဲ့ရာ ၎င်းက အမေရိကန် သမ္မတ ထရမ့် အပါအဝင် လူပုဂ္ဂိုလ်များအား လုပ်ကြံရန် ကြိုးပမ်းမှု စသည့် စွပ်စွဲချက်အားလုံးအပေါ် ဝန်ခံခဲ့ခြင်း မရှိပေ။
Allen က ခဏတာ ကြားနာမှုအတွင်း စကားပြောကြားခြင်းမရှိဘဲ ရှေ့နေကသာ ၎င်းကိုယ်စား ကာကွယ်ဖြေကြားပေးခဲ့သည်။ Allen အား စွဲချက်တင်ထားသည့် ပြစ်မှုများတွင် သမ္မတ ထရမ့်အား လုပ်ကြံရန် ကြံစည်မှု၊ ဖက်ဒရယ် အရာရှိများကို တိုက်ခိုက်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု စသည်တို့ ပါဝင်သည်။
Allen ၏ ရှေ့နေက ယာယီတရားရေးဝန်ကြီး Todd Blanche နှင့် ကိုလံဘီယာခရိုင် ဖက်ဒရယ်အစိုးရရှေ့နေ Jeanine Pirro စသူတို့အား Allen အပေါ် တရားစွဲမှုတွင် တိုက်ရိုက်ပါဝင်ခွင့်ကို ဖယ်ရှားပေးရန်လည်း တောင်းဆိုခဲ့သည်။ ၎င်းတို့သည် သတင်းထောက်များအသင်း ညစာစားပွဲသို့ တက်ရောက်ခဲ့ကြရာ ယင်းအမှု၏ နစ်နာသူ သို့မဟုတ် သက်သေများ ဖြစ်နိုင်သဖြင့် ထိုမှ ဖြစ်နိုင်ခြေရှိသော “အကျိုးစီးပွား ပဋိပက္ခ” များ ဖြစ်ပေါ်စေနိုင်ခြင်းကြောင့် ဖြစ်သည်။ တရားခံဘက်က ယင်းအမှုတွင် Pirro ရုံး ပါဝင်ခွင့်ကို ဖယ်ရှားပေးရန် ကြိုးပမ်းနိုင်ကြောင်း ရှေ့နေက ပြောကြားခဲ့သည်။ တရားသူကြီး Trevor McFadden က ယင်းနှင့်စပ်လျဉ်း၍ စီရင်ချက်ချခြင်း မရှိခဲ့ပေ။
Allen အား ဇွန် ၂၉ ရက်တွင် ထပ်မံ ရုံးထုတ်ရန် စီစဉ်ထားသည်။
အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲသည် ဧပြီ ၂၅ ရက်တွင် ဝါရှင်တန် ဟေတန်ဟိုတယ် မြေအောက်ခန်းမ၌ ကျင်းပခဲ့ရာ ထရမ့်ဇနီးမောင်နှံ၊ ဒုတိယသမ္မတ JD Vance စသည့် အဓိကနိုင်ငံရေးပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။ စောင့်ကြည့်ရေးကင်မရာမှတ်တမ်းအရ Cole Allen သည် သေနတ်ကိုင်ဆောင်လျက် ဟိုတယ်လုံခြုံရေး စစ်ဆေးမှုများကို လျင်မြန်စွာကျော်ဖြတ်ခဲ့ရာ လုံခြုံရေးဝန်ထမ်းများက သေနတ်ထုတ်၍ နောက်မှလိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ Cole Allen ကို ခန်းမပြင်ပ လျှောက်လမ်းစင်္ကြံ၌ ထိန်းချုပ်ခဲ့ပြီး ရဲဘက်က ပြောင်းချောသေနတ်တစ်လက်၊ ပြောင်းတိုသေနတ်တစ်လက်နှင့် ဓားများစွာ သိမ်းဆည်းရမိခဲ့သည်။ အကယ်၍ ပြစ်မှုများအတည်ပြုနိုင်ခဲ့ပါက သမ္မတအား လုပ်ကြံရန် ကြံစည်မှုတစ်မှုတည်းဖြင့်ပင် Allen သည် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရမည်ဖြစ်ကြောင်း အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
…………………………
(Chinese Version)
白宫记协晚宴枪击案嫌疑人不认罪
新华社华盛顿5月11日电(记者杨伶)美国白宫记者协会晚宴枪击案嫌疑人科尔·艾伦11日在哥伦比亚特区联邦地区法院出庭,对试图刺杀美国总统特朗普等所有指控均不认罪。
艾伦在短暂的庭审过程中没有发言,其律师代替其进行答辩。艾伦被指控的罪名包括企图刺杀总统、袭击联邦官员和非法持有枪支等。
艾伦的律师还要求取消代理司法部长托德·布兰奇和哥伦比亚特区联邦检察官珍妮娜·皮罗等直接参与起诉艾伦的资格,因为他们出席了记协晚宴,可能是该案的受害者或证人,从而造成潜在的“利益冲突”。律师表示,辩方可能会寻求取消皮罗办公室参与此案的资格。法官特雷弗·麦克法登没有就此要求作出裁决。
艾伦定于6月29日再次出庭。
4月25日,白宫记协晚宴在华盛顿希尔顿酒店地下宴会厅举行,特朗普夫妇、副总统万斯等政要出席。监控录像显示,艾伦持枪快速冲过酒店安检关卡,安保人员拔枪追击,双方发生交火。艾伦在宴会厅外走廊被制伏,警方收缴一支霰弹枪、一把手枪和多把刀具。据美国媒体报道,若罪名成立,仅企图刺杀总统这一项,艾伦将被判处终身监禁。(完)
图说:4月27日,在美国首都华盛顿,媒体记者在美国哥伦比亚特区联邦地区法院附近守候。新华社记者 李睿 摄
