Connect with us

International Organizations

ရီးရဲလ်မက်ဒရစ်တွင် “စတုတ္ထဦးစားပေး တိုက်စစ်မှူး” ဖြစ်နေဟု အမ်ဘာပေ အရိပ်အမြွက်ပြော

စပိန်နိုင်ငံ ဗီလာရီးရဲလ်မြို့ရှိ ဆယ်ရာမီကာ အားကစားကွင်း၌ ဗီလာရီးရဲလ်အသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အသင်းမှ ကီလီယန် အမ်ဘာပေအား တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ မေ ၁၅ ရက် (ဆင်ဟွာ)

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေက ၎င်းမှာ နည်းပြ၏ “စတုတ္ထဦးစားပေး တိုက်စစ်မှူး” ဖြစ်နေသည်ဟု မေ ၁၄ ရက်က အင်တာဗျူးတစ်ခု၌ ဖွင့်ဟပြောဆိုခဲ့ကာ အသင်းအနေဖြင့် ဇန်နဝါရီလတွင် နည်းပြ ဇာဘီအလွန်ဆိုကို ထုတ်ပယ်ခဲ့ခြင်းမှာ မှားယွင်းသည့်လုပ်ရပ် ဖြစ်သည်ဟုလည်း အရိပ်အမြွက်ပြောဆိုခဲ့သည်။
အမ်ဘာပေမှာ ရီးရဲလ် အိုဗီယေဒိုအသင်းကို အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ လူစားဝင်ကစားသမားအဖြစ် မိနစ် ၂၀ ပါဝင်ကစားခဲ့ပြီးနောက် မီဒီယာများကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းမှာ တိုက်စစ်မှူး ဂွန်ဇာလို ဂါစီယာ၏နေရာတွင် လူစားဝင်ရောက်စဉ် ဆန်တီယာဂို ဘာနေဗျူးကွင်းကြီးထဲမှ ပရိသတ်အများစုက ၎င်းအား အော်ဟစ်လှောင်ပြောင်ခဲ့ကြပြီး ၎င်း ဘောလုံးနှင့်ထိသည့် အကြိမ်တိုင်းတွင်လည်း လှောင်ပြောင်ခဲ့ကြသည်။
“သူတို့ မပျော်ရွှင်ကြပါဘူး။ ဒါက အဲဒီလှောင်ပြောင်မှုတွေကို နားလည်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ” ဟု အမ်ဘာပေက ဆိုသည်။

အဆိုပါ ပြင်သစ်တိုက်စစ်မှူးမှာ တံကောက်ကြောဒဏ်ရာကြောင့် အက်စပန်ညိုအသင်းနှင့် ပွဲစဉ်ကိုလည်းကောင်း၊ လွန်ခဲ့သည့် သီတင်းပတ်ကုန်က ဘာစီလိုနာအသင်းကို ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်ကိုလည်းကောင်း လွဲချော်ခဲ့ပြီးနောက် ယခုပွဲစဉ်၌ ပြန်လည်ပါဝင်လာခဲ့ခြင်းဖြစ်သည်။
“ဘာစီလိုနာနဲ့ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့တာက စိတ်ပျက်စရာကောင်းပါတယ်။ ဒါပေမဲ့ ဘဝဆိုတာ ဒီလိုမျိုးဖြစ်တတ်တာပါပဲ။ ကျွန်တော် သူတို့ကို အမြဲတမ်းဂိုးသွင်းနေကျလေ” ဟု အမ်ဘာပေက ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် ရာနှုန်းပြည့် ကြံ့ခိုင်မှုပြည့်ဝနေပြီဟုလည်း အခိုင်အမာပြောခဲ့သည်။
ထို့နောက် အဆိုပါတိုက်စစ်မှူးက နည်းပြ အယ်လ်ဗာရို အာဘီလိုအာနှင့် ဆက်ဆံရေးအဆင်မပြေဖြစ်နေကြောင်း အရိပ်အမြွက်ပြောဆိုခဲ့သည်။ “ကျွန်တော်က မန်နေဂျာရဲ့ စတုတ္ထဦးစားပေး တိုက်စစ်မှူးဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော် အဲဒါကိုလက်ခံပြီး သူကစားခွင့်ပေးသလောက်ပဲ ကစားပါတယ်” ဟု အမ်ဘာပေက ဆိုသည်။
“ကျွန်တော် ပွဲထွက်ကစားဖို့ အသင့်ဖြစ်နေပါပြီ။ နည်းပြရဲ့ ဆုံးဖြတ်ချက်ကို အမြဲတမ်းလေးစားရမှာမို့လို့ ကျွန်တော် သူ့ကို မကျေမနပ်မဖြစ်ပါဘူး။ ကျွန်တော် ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်နိုင်ဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော် ဒီကနေပြောရတာကို ပိုသဘောကျပါတယ်။ ပွင့်ပွင့်လင်းလင်း ထုတ်မပြောတဲ့သူတွေလည်း ရှိကြပေမဲ့ ကျွန်တော်ကတော့ ဒီကနေပြောရတာကို ပိုသဘောကျတယ်။ အဲဒါက ပိုပြီးရှင်းရှင်းလင်းလင်းဖြစ်စေတယ်လေ” ဟု အမ်ဘာပေက ပြောသည်။

“ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ တစ်ခုတည်းသောတာဝန်က ခြေစွမ်းပြကစားနိုင်ဖို့ပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အနေဖြင့် ယခုရာသီတွင် ဆုဖလားတစ်လုံးမှ ရယူနိုင်ခဲ့ခြင်းမရှိသည့် အခြေအနေအပေါ် သုံးသပ်ပြောဆိုခဲ့သည်။
“ကျွန်တော်တို့ ဒီရာသီမှာ အကောင်းဆုံးစတင်နိုင်ခဲ့ပေမဲ့ ဒုတိယရာသီဝက်မှာတော့ အရာအားလုံးကို ဆုံးရှုံးခဲ့ရတယ်။ အဲဒါက သိပ်ကိုနာကျင်စရာပါပဲ” ဟု ၎င်းက ပြောကြားခဲ့ပြီး နည်းပြဟောင်း အလွန်ဆိုအပေါ် ထောက်ခံသည့် မှတ်ချက်စကားများကို ပြောကြားခဲ့သည်။
“ကျွန်တော်တို့မှာ ကိုယ်ပိုင်ကစားဟန်တစ်ခု၊ စုဖွဲ့မှုတစ်ခု ရှိခဲ့တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ အဲဒါကို ဆုံးရှုံးခဲ့ရတယ်။ အဲ့ဒါက ကစားသမားတစ်ယောက်အတွက် သိပ်ကိုနာကျင်စရာပါပဲ… ကျွန်တော်နဲ့ ဇာဘီကြားမှာ ဆက်ဆံရေးကောင်းတစ်ခုရှိတယ်။ အဲ့ဒါက အရင်တုန်းကပါ။ ကျွန်တော် သူ့အပေါ်မှာ ဘယ်လိုသဘောထားလဲဆိုတာ အားလုံးသိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနာဂတ်အတွက်စဉ်းစားပြီး ပိုတိုးတက်လာအောင်၊ ပိုကောင်းလာအောင် လုပ်နိုင်ရမယ်လေ” ဟု အမ်ဘာပေက ဆိုသည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၅/၂၀၂၆ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်ကစားသမား ကီလီယန် အမ်ဘာပေ (အလယ်) ဘောလုံးထိန်းနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူးအားကစားကွင်း၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ် ကစားသမားများဖြစ်သည့် ကီလီယန် အမ်ဘာပေ (ဝဲ) နှင့် ဂျုဒ် ဘယ်လင်ဟမ် (ယာ) တို့ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

………………
(English Version)
Mbappe hints at “fourth striker” role in Real Madrid
MADRID, May 14 (Xinhua) — Real Madrid striker Kylian Mbappe said he was his coach’s “fourth-choice striker” in an interview on Thursday, while also hinting that the club’s January sacking of Xabi Alonso had been a mistake.
Mbappe was speaking to TV cameras after coming on as a substitute with 20 minutes left in his side’s 2-0 home win over Real Oviedo.
He was booed by most of the fans at the Santiago Bernabeu Stadium when he replaced striker Gonzalo Garcia, and booed again every time he touched the ball.
“They’re not happy. That’s the only way to understand the boos,” Mbappe said.
The French striker returned to action after a hamstring injury that caused him to miss the match against Espanyol and last weekend’s 2-0 defeat to FC Barcelona.
“It was a shame not to play against Barcelona, but that’s life. I always score against them,” Mbappe said, while insisting he was “one hundred percent fit.”
The forward then hinted at a difficult relationship with coach Alvaro Arbeloa, saying, “I’m the manager’s fourth-choice striker. I accept it and play the time they give me.”
“I was ready to start. I’m not angry with the manager, as you always have to respect a coach’s decision. I’ll work hard to get back into the starting lineup. I prefer to speak here. There are people who don’t speak… but I prefer to speak here, it’s clearer,” Mbappe said.
“My only responsibility is to play well as a player,” he continued, before reflecting on a season in which Real Madrid had failed to win a single title.
“We started the season well, then we lost everything in the second half of the season. It hurts a lot,” he said, in comments that could be read as a vote of support for former coach Alonso.
“I feel like we had a playing style, a structure, and we lost it. That hurts a lot for a player… I have a great relationship with Xabi. That’s in the past. Everyone knows what I think of him. But we have to look ahead, at what we can improve and do better,” the striker said.
English Caption 1
Kylian Mbappe of Real Madrid reacts during the La Liga Match between Villarreal and Real Madrid at Ceramica Stadium in Vila Real, Spain, on January 24, 2026. (Str/Xinhua)
English Caption 2
Kylian Mbappe (C) of Real Madrid controls the ball during the 2025/2026 UEFA Champions League quarterfinal first leg football match between Real Madrid and Bayern Munich in Madrid, Spain, April 7, 2026. (Xinhua/Cheng Min)
English Caption 3
Kylian Mbappe (L) and Jude Bellingham (R) of Real Madrid celebrate a goal during the La Liga football match between Real Madrid and FC Barcelona at Santiago Bernabeu Stadium in Madrid, Spain, on Oct. 26, 2025. (Photo by Gustavo Valiente/Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117