North America
စစ်ပွဲအဆုံးသတ်ရေးနှင့်စပ်လျဉ်း၍ အီရန်၏ စာဖြင့်ရေးသားအဆိုပြုထားသော အစီအစဉ်များကို အမေရိကန် ငြင်းဆိုခဲ့
တီဟီရန်၊ မေ ၁၅ ရက် (ဆင်ဟွာ)
စစ်ပွဲအဆုံးသတ်ရေးနှင့်စပ်လျဉ်း၍ အီရန်၏ အဆိုပြုထားသော “အချက် ၁၄ ချက်” ပါ စာဖြင့်ရေးသားထားသည့် အစီအစဉ်များကို အမေရိကန်က ငြင်းဆိုခဲ့ပြီးဖြစ်ကြောင်း အီရန် Tehran Times သတင်းစာ၏ မေ ၁၅ ရက် သတင်းဖော်ပြချက်အရ သိရသည်။
အမေရိကန်အစိုးရသည် အဆိုပါ စာဖြင့်ရေးသားထားသည့် အစီအစဉ်အပေါ် တုံ့ပြန်ခဲ့ကြောင်း၊ အမေရိကန်သည် တီဟီရန်၏ အစီအစဉ်များကို ငြင်းဆိုခဲ့ပြီး အထူးသဖြင့် နျူကလီးယားအရေးတွင် “၎င်း၏ တင်းမာသည့် ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့ကြောင်း” သတင်းတွင် ဖော်ပြထားသည်။
အီရန်အဆိုပြုသော အစီအစဉ်သည် အဆင့်နှစ်ဆင့် စေ့စပ်ဆွေးနွေးမည့် လုပ်ငန်းစဉ်အပေါ် အခြေခံထားသည်။ ယင်းမှာ ပထမအဆင့်သည် စစ်မျက်နှာစာ အားလုံးက စစ်ပွဲများ အဆုံးသတ်ရန် ရည်ရွယ်ပြီး အကယ်၍ အီရန်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးပါက နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ ဒုတိယအဆင့် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ (Xinhua)
……………………..
(Chinese Version)
美国已拒绝伊朗就结束战争提出的书面方案
新华社德黑兰5月15日电(记者沙达提 陈霄)据伊朗《德黑兰时报》15日报道,美国已拒绝伊朗就结束战争提出的“14点”书面方案。
报道称,美国政府已就上述书面方案作出回应,美国拒绝了德黑兰的方案,并“重申其强硬立场”,尤其是在核问题上。
伊朗提出的方案基于两阶段谈判程序:第一阶段旨在结束所有战线的战争;如果伊朗的条件得到满足,则将启动关于核问题的第二阶段谈判。(完)
这是5月11日在美国首都华盛顿拍摄的白宫。新华社记者 李睿 摄
