Connect with us

China

ထျန်းကျိုး-၁၀ ကုန်တင်အာကာသယာဉ်နှင့် အာကာသစခန်းပေါင်းစပ်အပိုင်း ထိတွေ့ချိတ်ဆက်မှုများ ပြီးစီး

တရုတ်နိုင်ငံ ပေကျင်းအာကာသယာဉ်ပျံသန်းမှုထိန်းချုပ်ရေးစင်တာတွင် ထျန်းကျိုး-၁၀ ကုန်တင်အာကာသယာဉ်နှင့် အာကာသစခန်းပေါင်းစပ်အပိုင်း ထိတွေ့ချိတ်ဆက်မှုများ ပြုလုပ်နေသည့် နမူနာပုံစံအား ဖန်သားပြင်ပေါ်၌ ၂၀၂၆ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟိုင်နန်၊ ဝန်ချန်း၊ မေ ၁၁ ရက် (ဆင်ဟွာ)

ထျန်းကျိုး-၁၀ (Tianzhou-10) ကုန်တင်အာကာသယာဉ် ဂြိုဟ်ပတ်လမ်းအတွင်းသို့ ဝင်ရောက်ပြီးနောက် အခြေအနေ စီစဉ်သတ်မှတ်မှုအား အဆင်ပြေချောမွေ့စွာ ပြီးစီးခဲ့ပြီး ပေကျင်းစံတော်ချိန် မေ ၁၁ ရက် နေ့လယ် ၁ နာရီ ၁၁ မိနစ်တွင် အာကာသစခန်း၊ ပင်မခန်း၏ အနောက်ဘက် ချိတ်ဆက်ပေါက်နှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့သည်။ ထိတွေ့ချိတ်ဆက်မှုပြီးစီးပြီးနောက် ထျန်းကျိုး-၁၀ သည် ပေါင်းစပ်အပိုင်းပျံသန်းမှုအဆင့်သို့ ရောက်ရှိမည်ဖြစ်သည်။
နောက်ဆက်တွဲအနေဖြင့် ရှန်ကျိုး-၂၁ အာကာသယာဉ်းမှူးအဖွဲ့သည် ထျန်းကျိုး-၁၀ ကုန်တင်အာကာသယာဉ်အတွင်းသို့ ဝင်ရောက်ပြီး ကုန်စည်ပို့ဆောင်ခြင်း စသည့် သက်ဆိုင်ရာလုပ်ငန်းများကို စီစဉ်ထားသည့်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသ အေဂျင်စီ (CMSA) ၏ မိတ်ဆက်ပြောကြားမှုအရ သိရသည်။
ထိုနေ့ နံနက် ၈ နာရီ ၁၄ မိနစ်တွင် တရုတ်နိုင်ငံ ဝန်ချန်းဂြိုဟ်တုလွှတ်တင်ရေးကွင်း၌ ထျန်းကျိုး-၁၀ ကုန်တင်အာကာသယာဉ်အား အောင်မြင်စွာ လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းအာကာသယာဉ်ပျံသန်းမှုထိန်းချုပ်ရေးစင်တာတွင် ၂၀၂၆ ခုနှစ် မေ ၁၁ ရက်က ရိုက်ကူးထားသော ထျန်းကျိုး- ၁၀ ကုန်တင်အာကာသယာဉ်က အာကာသစခန်းပေါင်းစပ်အပိုင်းဆီသို့ ချဉ်းကပ်လာသော ဓာတ်ပုံအား တွေ့ရစဉ် (ဆင်ဟွာ)

……………………….
(Chinese Version)
天舟十号货运飞船与空间站组合体完成交会对接
新华社海南文昌5月11日电(记者李国利、刘艺、陈凯姿)天舟十号货运飞船入轨后顺利完成状态设置,于11日13时11分,成功对接于空间站天和核心舱后向端口。交会对接完成后,天舟十号将转入组合体飞行段。
据中国载人航天工程办公室介绍,后续,神舟二十一号航天员乘组将进入天舟十号货运飞船,按计划开展货物转运等相关工作。
当日8时14分,我国在文昌航天发射场成功发射天舟十号货运飞船。(完)
图说1:5月11日在北京航天飞行控制中心屏幕上拍摄的天舟十号货运飞船与空间站组合体进行交会对接的模拟图像。 新华社发(韩启扬 摄)
图说2:5月11日在北京航天飞行控制中心屏幕上拍摄的天舟十号货运飞船向空间站组合体靠拢的画面。 新华社发(韩启扬 摄)