Connect with us

China

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကန်းကျစ်ပြည်နယ်ခွဲ ရှီချွီးခရိုင်တွင် နှင်းကျားသစ် ပေါ်ထွက်လာ

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကန်းကျစ်ပြည်နယ်ခွဲ ရှီချွီးခရိုင်တွင် နှင်းကျားသစ်ကို ၂၀၂၆ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီချွီးခရိုင် (စီချွမ်း)၊ မေ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကန်းကျစ်ပြည်နယ်ခွဲ ရှီချွီးခရိုင်ရှိ မီတာ ၄,၃၀၀ ခန့်ရှိသည့် တောင်တန်းကျောက်ဆောင်များကြား၌ ဓာတ်ပုံဆရာက မေ ၁၂ ရက်တွင် နှင်းကျားသစ် ၃ ကောင်၏ အဖိုးတန်သော ပုံရိပ်ကို အမိအရ ရိုက်ကူးမိခဲ့သည်။ အဆိုပါမြင်ကွင်းမှာ နှင်းကျားသစ်မိခင်က သားပေါက် နှစ်ကောင်အား ခေါ်ဆောင်လာခြင်းဖြစ်သည်ဟု ဒေသတွင်း မွေးမြူရေးလုပ်ကိုင်သူများ၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။
နှင်းကျားသစ်သည် “နှင်းတောင် တောဘုရင်” ဟု တင်စားခေါ်ဝေါ်ခံရပြီး တရုတ်နိုင်ငံ အမျိုးသား ပထမအဆင့် ကာကွယ်စောင့်ရှောက်သော တောရိုင်းတိရစ္ဆာန်ဖြစ်သည်။ ၎င်းတို့သည် အဓိကအားဖြင့် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ၊ ရှီးဇန့်ဒေသ၊ ချင်းဟိုင်ပြည်နယ်၊ ကန်းစုပြည်နယ်၊ စီချွမ်းပြည်နယ်၊ ယူနန်ပြည်နယ် စသည့် အနောက်ပိုင်း ကုန်းမြင့်တောင်တန်းဒေသများ၌ ဖြန့်ကြက်တည်ရှိပြီး ၎င်းတို့အရေအတွက်ပမာဏ ပြောင်းလဲမှုသည် ဒေသတွင်းဂေဟကွင်းဆက် ကောင်းမွန်မှုအခြေအနေအား ဖော်ပြနေသည့် အရေးကြီးအညွှန်းကိန်း ဖြစ်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကန်းကျစ်ပြည်နယ်ခွဲ ရှီချွီးခရိုင်တွင် ဆော့ကစားနေသည့် နှင်းကျားသစ်နှစ်ကောင်ကို ၂၀၂၆ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

(260513) — GARZE, May 13, 2026 (Xinhua) — Snow leopards are pictured in Shiqu County of Garze Tibetan Autonomous Prefecture, southwest China’s Sichuan Province, May 12, 2026.
Three snow leopards, a mother and her cubs, were photographed in Shiqu County on Tuesday.
Known as the “king of the snow mountains,” snow leopards are under first-class national protection in China. They are native to snow-capped mountains in central and southern Asia and serve as a barometer for the health of the entire high-altitude ecosystem. (Photo by Wen Zhenxiao/Xinhua)

——————
(Chinese Version)
雪豹现身四川石渠县
新华社照片,石渠县(四川),2026年5月13日
5月12日,在四川省甘孜州石渠县4300米左右的山岩间,摄影师拍摄到三只雪豹珍贵的画面。据当地牧民介绍,画面为雪豹母亲带着两只幼崽。
雪豹有“雪山之王”之称,是国家一级保护野生动物,主要分布在我国新疆、西藏、青海、甘肃、四川、云南等西部的高山地区,其数量变化是揭示当地生态链健康状况的关键指标。
图说1:5月12日在四川省甘孜州石渠县拍摄的雪豹。 新华社发(文振效 摄)
图说2:5月12日,两只雪豹在嬉戏。新华社发(文振效 摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.