China
ယာဉ်ကြောစီမံခန့်ခွဲမှု လူပုံစံတူစက်ရုပ် ဟန်ကျိုးမြို့လမ်းမပေါ်တွင် “တာဝန်ထမ်းဆောင်”
ဟန်ကျိုး၊ မေ ၁၃ ရက် (ဆင်ဟွာ)
“ဟန်ကျင်ကျိရှင်” အမည်ရှိသော စမတ်ယာဉ်ကြောစီမံခန့်ခွဲမှု လူပုံစံတူစက်ရုပ် ၁၅ ရုပ်သည် တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် မေ ၁ ရက်မှစ၍ တရားဝင် အဖွဲ့လိုက် တာဝန်ထမ်းဆောင်ခဲ့သည်။
ဤ လူပုံစံတူ စက်ရုပ် ၁၅ ခုကို ဟန်ကျိုးမြို့ရှိ ဆန့်ချိန်ခရိုင်၊ ကုန်စုခရိုင်၊ ရှီးဟူခရိုင်၊ ပင်းကျန်းခရိုင်စသည့် ဒေသများ၏ အရေးကြီးလမ်းမများတွင် အသုံးပြုခဲ့ပြီး ရှီးဟူရှုခင်းသာဧရိယာ၊ ဟူပင်းစီးပွားရေးနေရာများ၊ မြို့၏ အဓိကလမ်းမများစသည့် အဓိကဆုံမှတ်များကို အပြည့်အဝ လွှမ်းခြုံထားကြောင်း သိရသည်။ စက်ရုပ်များသည် လမ်းဆုံအသီးသီးရှိ မတူသော အခြေအနေများနှင့် လုပ်ဆောင်ချက်လိုအပ်ချက်များကို မူတည်၍ ခရီးသွားဧည့်သည်များအား လမ်းညွှန်ပေးခြင်း၊ စက်ဘီး ဆိုင်ကယ်နှင့် လမ်းလျှောက်သူများ၏ စည်းကမ်းဖောက်ဖျက်မှုများကို ပညာပေးခြင်းနှင့် ယာဉ်ကြောရှင်းပေးခြင်း စသည့်တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်သည်။
ဤ ပြည့်စုံစွာဖွဲ့စည်းထားသော လူပုံစံတူ ယာဉ်ထိန်းစက်ရုပ်တပ်ခွဲနှင့် လမ်းမပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များ ဟန်ချက်ညီညီဆောင်ရွက်ခြင်းက ဟန်ကျိုးမြို့၏ မြို့ပြစမတ်ယာဉ်ကြောစီမံခန့်ခွဲမှုစနစ်သည် အဆင့်သစ်တစ်ခုသို့ တက်လှမ်းလာခြင်း အမှတ်သင်္ကေတ ဖြစ်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ဟန်ကျိုးမြို့ ဟူပင်းစီးပွားရေးနေရာရှိ လမ်းဆုံတစ်ခုတွင် လမ်းစည်းကမ်းလိုက်နာသော လမ်းလျှောက်သူများအား စမတ်ယာဉ်ကြောစီမံခန့်ခွဲမှု လူပုံစံတူစက်ရုပ်က “အသည်းပုံ” ပို့စ်ပေးနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
交管机器人在杭州街头“上岗”
新华社照片,杭州,2026年5月13日
5月1日起,15个“杭警智行”智能交通管理机器人在杭州正式组队上岗。
据介绍,这15个机器人投放在上城区、拱墅区、西湖区、滨江区等地的重点路口,全面覆盖西湖景区、湖滨商圈、城区主干道等关键节点。机器人将根据各路口不同场景和功能需求,承担游客问路指引、非机动车和行人违法劝导、交通指挥等任务。这一成建制的交管机器人中队和路面警力协同作战,标志着杭州城市智慧交通管理迈入新阶段。
图说1:5月11日,智能交通管理机器人在杭州湖滨商圈一路口“执勤”。 新华社记者 黄宗治 摄
图说2:5月11日,智能交通管理机器人在杭州湖滨商圈一路口为遵守交通规则的行人做出“比心”姿势。新华社记者 黄宗治 摄
