Connect with us

International Organizations

ဘရာဇီးအသင်းက အန်ဆယ်လော့တီကို ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းတိုး

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ ကနေဒီစင်တာ၌ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့် မဲခွဲပွဲမတိုင်မီ ကော်ဇောနီပေါ်တွင် အမှတ်တရ ဓာတ်ပုံရိုက်နေသည့် ဘရာဇီးလက်ရွေးစင်အသင်း နည်းပြချုပ် ကာလို အန်ဆယ်လော့တီကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ မေ ၁၅ ရက် (ဆင်ဟွာ)

ဘရာဇီး လက်ရွေးစင်အသင်းနည်းပြ ကာလို အန်ဆယ်လော့တီမှာ အသင်းနှင့် လေးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) က မေ ၁၄ ရက်၌ ကြေညာခဲ့သည်။
အသက် ၆၆ နှစ်အရွယ် အီတလီနိုင်ငံသားနည်းပြမှာ လာမည့်ဇွန်လ၌ အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် စတင်ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးသည်အထိ သက်တမ်းရှိသော စာချုပ်တစ်ရပ်ဖြင့် ယမန်နှစ် မေလက ဘရာဇီးအသင်းထံ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
“ဘရာဇီးအသင်းကို ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းအဆင့်ကို ပြန်လည်ပို့ဆောင်ပေးနိုင်ဖို့ ကျွန်တော်တို့ ပြီးခဲ့တဲ့တစ်နှစ်လုံး ကြိုးစားခဲ့ကြတယ်” ဟု အန်ဆယ်လော့တီက ပြောကြားခဲ့ကြောင်း CBF ၏ တရားဝင်ဝက်ဘ်ဆိုက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“ဒါပေမဲ့ ကျွန်တော်ရော အဖွဲ့ချုပ်ကပါ ဒီထက်မကတဲ့ အောင်မြင်မှုတွေ၊ အချိန်တွေ၊ ကြိုးစားအားထုတ်မှုတွေကို လိုချင်တယ်လေ။ ကျွန်တော်တို့ နောက်ထပ်လေးနှစ်ကြာ ဆက်လက်လက်တွဲသွားမယ်ဆိုတာကို အလွန်ဝမ်းမြောက်စွာနဲ့ ကြေညာလိုက်ပါတယ်။ ကျွန်တော်တို့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အတူတူ ဆက်လက်ချီတက်သွားမှာပါ။ ကျွန်တော့်ကို ယုံကြည်တဲ့အတွက် အဖွဲ့ချုပ်ကို ကျေးဇူးတင်စကား ပြောချင်ပါတယ်။ နွေးထွေးတဲ့ ကြိုဆိုမှုတွေ၊ ချစ်ခြင်းမေတ္တာတွေအတွက် ဘရာဇီးနိုင်ငံကို ကျေးဇူးတင်ပါတယ်” ဟု အန်ဆယ်လော့တီက ပြောသည်။
အန်ဆယ်လော့တီအား နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီးနောက် ဘရာဇီးအသင်းအနေဖြင့် ငါးပွဲနိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲရှုံးနိမ့်ထားသည့် ရလဒ်ကို ပိုင်ဆိုင်ထားသည်။
ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း အန်ဆယ်လော့တီကို ကာလရှည်စာချုပ်တစ်ရပ် ချုပ်ဆိုရန် ဆွေးနွေးမှုများ စတင်လုပ်ဆောင်နေပြီဟု CBF ဥက္ကဋ္ဌ ဆာမီရှောက်က ဖေဖော်ဝါရီလအတွင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဘရာဇီးအသင်းအနေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန် ၁၃ ရက်တွင် မော်ရိုကိုအသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်ကာ ထို့နောက် ဟေတီ၊ စကော့တလန်အသင်းတို့နှင့် ဆက်လက်ရင်ဆိုင်ရမည်ဖြစ်သည်။ (Xinhua)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ မာရာကာနာ အားကစားကွင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက်က ဘရာဇီးအသင်းနှင့် ချီလီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်၌ ဘရာဇီးအသင်းနည်းပြချုပ် ကာလို အန်ဆယ်လော့တီ (ဝဲ) အား တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ မာရာကာနာ အားကစားကွင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက်က ဘရာဇီးအသင်းနှင့် ချီလီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်မတိုင်မီ ဘရာဇီးအသင်း၏ ပွဲထွက်ကစားသမားများ အမှတ်တရဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)


………………
(English Version)
Brazil renews Ancelotti contract until 2030
RIO DE JANEIRO, May 14 (Xinhua) — Carlo Ancelotti has extended his contract as manager of Brazil’s national team for another four years, the Brazilian Football Confederation (CBF) said on Thursday.
The 66-year-old Italian joined Brazil last May on a deal running until this year’s World Cup, which begins next month in the United States, Mexico and Canada.
“For the past year, we have been working to take the Brazil national team back to the top of world football,” Ancelotti said in a statement on the CBF’s official website.
“But the confederation and I want more. More victories, more time, more work. We are very happy to announce that we will continue together for another four years. We will move forward together through to the 2030 World Cup. I want to thank the confederation for its trust. Thank you, Brazil, for the warm welcome and for all the affection.”
Ancelotti has overseen five wins, two draws and three losses since his appointment.
In February, CBF president Samir Xaud told reporters that talks were underway to secure the former Real Madrid manager on a long-term deal.
Brazil will begin its 2026 World Cup campaign against Morocco on June 13 before also facing Haiti and Scotland in the group stage.
English Caption 1
Carlo Ancelotti, head coach of the Brazilian national soccer team arrives on the red carpet ahead of the FIFA World Cup 2026 Final Draw at the Kennedy Center in Washington D.C., the United States, Dec. 5, 2025. (Xinhua/Jia Haocheng)
English Caption 2
Carlo Ancelotti (L), head coach of Brazil, reacts during the 2026 FIFA World Cup CONMEBOL Qualifier football match between Brazil and Chile at Maracana Stadium in Rio de Janeiro, Brazil, on Sept. 4, 2025. (Photo by Claudia Martini/Xinhua)
English Caption 3
Starting players of Brazil pose for team photos before the 2026 FIFA World Cup CONMEBOL Qualifier football match between Brazil and Chile at Maracana Stadium in Rio de Janeiro, Brazil, on Sept. 4, 2025. (Photo by Claudia Martini/Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117