Connect with us

China

တရုတ်နှင့် အမေရိကန်က အပြန်အလှန် စည်းကြပ်ခွန်လျှော့ချရေး မူဘောင်အရ အပြန်အလှန်ကုန်သွယ်ရေး တိုးချဲ့ရန် သဘောတူကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေသည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၆ ခုနှစ် မေ ၁၄ ရက်က တွေ့ဆုံဆွေးနွေးကြစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ စီးပွားရေးနှင့် ကုန်သွယ်ရေးအသင်းအဖွဲ့များအနေဖြင့် အပြန်အလှန် စည်းကြပ်ခွန်လျှော့ချရေး မူဘောင်အောက်၌ အပြန်အလှန်ကုန်သွယ်ရေးကို တိုးချဲ့ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် ဝမ်ရိက ပေကျင်းတွင် မေ ၁၅ ရက်၌ ပြောကြားခဲ့သည်။
ကုန်သွယ်ရေးကောင်စီနှင့် ရင်းနှီးမြှုပ်နှံမှုကောင်စီတို့ကို တည်ထောင်ရန်၊ စိုက်ပျိုးရေးထုတ်ကုန်များအတွက် ဈေးကွက်ဝင်ရောက်နိုင်မှုနှင့်ပတ်သက်၍ အပြန်အလှန်စိုးရိမ်ပူပန်မှုများအား ဖြေရှင်းရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြကြောင်းလည်း ပေကျင်းတွင် မကြာသေးမီက ပြီးဆုံးခဲ့သော ရှီ-ထရမ့် တွေ့ဆုံမှုနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဝမ်က ပြောကြားခဲ့သည်။ (Xinhua)

……………..
(English Version)
China, U.S. agree to expand two-way trade under reciprocal tariff reduction framework: China’s top diplomat
BEIJING, May 15 (Xinhua) — The economic and trade teams of China and the United States will work to expand two-way trade under a reciprocal tariff reduction framework, China’s top diplomat Wang Yi said here on Friday.
The two sides have also agreed to establish a trade council and an investment council and address each other’s concerns over market access for agricultural products, Wang said when briefing the press on the just-concluded Xi-Trump meeting in Beijing. ■
English Caption
Chinese President Xi Jinping holds talks with U.S. President Donald Trump, who is on a state visit to China, at the Great Hall of the People in Beijing, capital of China, May 14, 2026. (Xinhua/Ding Lin)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117