Connect with us

CHINA

တရုတ်နိုင်ငံရှိ အမျိုးသားပြတိုက် မေ ၁ ရက်တွင် ပြန်ဖွင့်မည်

တရုတ်နိုင်ငံရှိ အမျိုးသားပြတိုက်သို့ လာရောက်လေ့လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေ လျော့ကျလာသဖြင့် အမျိုးသားပြတိုက်ကို အများပြည်သူအားလပ်ရက်ငါးရက်၏ ပထမဆုံးရက်ဖြစ်သည့် မေ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ၎င်း၏ဝက်ဘ်ဆိုက်စာမျက်နှာ ကြော်ငြာစာအရ သိရသည်။

လာရာက်လည်ပတ်သူများအနေဖြင့် အွန်လိုင်းမှ ကြိုတင်စာရင်းသွင်းရန် လိုအပ်ပြီး နေ့စဉ် လာရောက်သူဦးရေကိုလည်း လူ ၃,၀၀၀ အထိသာလက်ခံမည်ဟု ကန့်သတ်ထားကြောင်း ကြော်ငြာစာ တွင်ဖော်ပြထားသည်။လည်ပတ်သူများသည် ပြတိုက်အတွင်းမဝင်ရောက်မီ  သက်သေခံကတ်ပြသခြင်းနှင့်  ကိုယ်ပိုင်ကျန်းမာရေးကုတ် များ ပြသရန်လိုအပ်ပြီး ပြတိုက်အတွင်းမဝင်မီ ကိုယ်ခန္ဓာအပူချိန် တိုင်းတာခြင်းခံရမည် ဖြစ်သည်။ပြတိုက်အတွင်း လည်ပတ်နေစဉ် လည်ပတ်သူများသည် နှာခေါင်းစည်းများတပ်ဆင်ရမည်ဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် အနည်းဆုံး ၁.၅ မီတာ အကွာအဝေးရှိနေရမည်ဟု သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117