Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံရှိ အသက်မွေးမှုသင်တန်းကျောင်းများအား အမေရိကန်ဒေါ်လာ ၄ သန်း တန်ဖိုးရှိသော ပစ္စည်းကိရိယာများ လှူဒါန်းမည်

ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ယောင်ကျင့်အား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံတွင် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ရန် အသက်မွေးမှုသင်တန်းကျောင်းများသို့ ယွမ် ၂၇ သန်း (အမေရိကန်ဒေါ်လာ ၄ သန်းခန့်) တန်ဖိုးရှိသော ပစ္စည်းကိရိယာများ လှူဒါန်းသွားမည် ဖြစ်ကြောင်း နှစ်နိုင်ငံ အစိုးရက ဇူလိုင် ၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် ပစ္စည်းကိရိယာလှူဒါန်းခြင်း စီမံချက်အတွက် သဝဏ်လွှာဖလှယ်မှုအရ သိရသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်းအနား၌ ပါကစ္စတန်နိုင်ငံ စီးပွားရေးဌာန အတွင်းဝန် Noor Ahmed က ပစ္စည်းကိရိယာများ ထောက်ပံ့ပေးသည့်အတွက် တရုတ်အစိုးရကို ကျေးဇူးတင်ကြောင်းနှင့် ယင်းကိရိယာများသည် ပါကစ္စတန်နိုင်ငံ၏ အသက်မွေးမှုသင်တန်းကျောင်းများ အဆင့်မြှင့်တင်ခြင်းနှင့် သင်တန်းကျောင်းများ၏ လုပ်ဆောင်နိုင်စွမ်း တိုးတက်မှုအတွက် အရေးပါမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းစီမံကိန်းသည် အသက်မွေးဝမ်းမှု သင်တန်း မြှင့်တင်ရန်နှင့် စီးပွားရေးအတွက် ကုန်ထုတ်လုပ်မှု တိုးမြှင့်ရန် ပါကစ္စတန် အစိုးရ၏ အမြော်အမြင်နှင့် တသမတ်တည်းဖြစ်ကြောင်း၊ ပါကစ္စတန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် အလွန်နီးကပ်သော ဆက်ဆံရေးရှိကြောင်း၊ တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံ၏ မိတ်ဆွေစစ်ဖြစ်ကြောင်းနှင့် COVID-19 ၊ ကျိုင်းကောင်တိုက်ခိုက်မှုများ သို့မဟုတ် မြေငလျင်များပင် ဖြစ်နေစေကာမူ စိန်ခေါ်မှုအရှိဆုံး ကာလများ၌ ပါကစ္စတန်အား ကူညီရန် အမြဲတစေ လက်ကမ်းထားလျက်ရှိကြောင်း Ahmed က ဆိုသည်။

ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ယောင်ကျင့်ကလည်း ပစ္စည်းကိရိယာများ လှူဒါန်းမှုစီမံချက်သည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အရ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ CPEC အနေဖြင့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး၊ စိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျန်းမာရေးကဏ္ဍများ၌ ဆွဲဆောင်မှုပိုမိုလုပ်ဆောင်သွားမည် ဖြစ်ကြောင်း လှူဒါန်းပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၏ပြောကြားချက်အရ တရုတ်နိုင်ငံသည် ဒီဇယ်မီးစက်များ၊ ကွန်ပျူတာများ၊ ပရင်တာများ၊ ပရိုဂျက်တာများနှင့် စာသင်ခန်း ခုံများ အပါအဝင် ပစ္စည်းကိရိယာများကို ပါကစ္စတန်ရှိ အသက်မွေးမှု သင်တန်းကျောင်း ၅၀ သို့ လှူဒါန်းမည်ဖြစ်ပြီး ဒေသခံ ၁၀,၀၀၀ ကျော်အား တိုက်ရိုက်အကျိုးကျေးဇူးရှိမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.