Videos
တရုတ် နိုင်ငံ ၏ အရေးပါသော ရထားလမ်း သစ် တည်ဆောက်မှု ပြီးစီး
ပေကျင်း ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ ရှင်းကျန်း နှင့် ချင်းဟိုင် အား ဆက်သွယ်ပေးထားသည့် ရထားလမ်း တည်ဆောက်မှုပြီးစီးသွားခဲ့ပြီဖြစ်ကြောင်း ၊ ယင်းရထားလမ်းသည် အရှည် ၁,၂၁၃.၇ ကီလိုမီတာ ရှိပြီး ချင်းဟိုင် ရှိ Golmud မြို့ နှင့် ရှင်းကျန်းရှိ Korla မြို့တို့ကို ချိတ်ဆက်ပေးထားသည်။
ယခု တည်ဆောက်ပြီးစီး ခဲ့သည့် ရထားလမ်း သည် ရှင်ကျန်း နှင့် အခြားပြည်နယ်များ အကြား ချိတ်ဆက်ပေး ခဲ့သည့် တတိယမြောက် ရထားလမ်း ဖြစ်သည်။
အဆိုပါရထားလမ်းကို သဲကန္တာရ ၊ ကုန်းမြင့် နှင့် တောင်တန်းများအပေါ်တွင် ဖြတ်ကျော် ဖောက်လုပ်ထားခြင်းဖြစ်ပြီး ယခုနှစ် အတွင်း စတင် အသုံးပြုနိုင်ရန် စီစဉ်ထားသည်။ ရထားလမ်း သစ် တည်ဆောက်ပြီးစီးမှုကြောင့် Golmud မြို့ နှင့် Korla မြို့ အကြား ဆက်သွယ်သွားလာသည့် ကြာချိန်ကို ၂၆ နာရီ မှ ၁၂ နာရီ သို့ လျှော့ချပေးနိုင်မည် ဖြစ်သည်။ ရထားလမ်း တည်ဆောက်ပြီးစီးခြင်း က တရုတ် နိုင်ငံ အနောက်ပိုင်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကိုလည်း တွန်းအားပေး နိုင်မည် ဖြစ်သည်။ (Xinhua)