Videos
တရုတ်နိုင်ငံ၏ ARJ21 ဒေသတွင်း ပို့ဆောင်ရေး လေယာဉ်က ခရီးသည် ၁ သန်းအထိ ဝန်ဆောင်မှုပေးခဲ့
ပေကျင်း ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ပုဂ္ဂလိကပိုင် ARJ21 ဒေသတွင်း ပို့ဆောင်ရေးလေယာဉ်သည် ဇူလိုင် ၂၀ ရက်အထိ ခရီးသည်ပေါင်း ၁ သန်းအထိ ဝန်ဆောင်မှုပေးခဲ့ပြီးဖြစ်သည်။ ARJ21 လေယာဉ်သည် တရုတ်နိုင်ငံ၏ ပထမဆုံး turbo-fan ဖြင့် ထုတ်လုပ်ထားသော ဂျက်လေယာဉ်ပုံစံမျိုးဖြစ်ပြီး ခရီးသည် ၇၈ ဦးမှ ၉၀ ဦးအထိ လိုက်ပါနိုင်ကြောင်း နှင့် ခရီးအကွာအဝေး ၃,၇၀၀ ကီလိုမီတာ ထိ မောင်းနှင်နိုင်ကြောင်း သိရသည်။ ယင်းလေယာဉ်သည် မြင့်မားသော တောင်ပေါ်ဒေသ နှင့် ကုန်းမြင့်ဒေသများတွင် ပျံသန်းနိုင်စွမ်းရှိပြီး လေဆိပ်အနေအထားအမျိုးမျိုးတွင် ဆင်းသက်နိုင်စွမ်းရှိကြောင်း သိရသည်။
အဆိုပါ လေယာဉ် စီးပွားဖြစ် ပျံသန်းပြေးဆွဲမှု ကို ၂၀၁၆ ခုနှစ် ဇွန်လတွင် စတင်ခဲ့သည်။ စီးပွားဖြစ် လေယာဉ်ထုတ်လုပ်မှုဆိုင်ရာ တရုတ်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(COMAC)က ARJ21 လေယာဉ်အစင်းပေါင်း ၃၃ စင်းကို ဝယ်လက်များထံ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း နှင့် ယင်းလေယာဉ်များသည် မြို့ကြီး ၅၆ မြို့ကို ချိတ်ဆက်ထားသည့် လေကြောင်းခရီးစဉ်များတွင် ပျံသန်းပြေးဆွဲလျက် ရှိကြောင်း သိရသည်။ (Xinhua)