Videos
တရုတ်နိုင်ငံ က အသစ်တီထွင်ထုတ်လုပ်သည့် အပျော်စီး လေယာဉ်ငယ်အားပွဲဦးထွက်ပျံသန်းမောင်းနှင်ခဲ့
ဟူပေ၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ၏ မျိုးဆက်သစ် အပျော်စီး လေယာဉ်ငယ် Lingyan AG50 အား နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် တွင် ဩဂုတ် ၂၆ ရက်က ပွဲဦးထွက်ပျံသန်းမောင်းနှင်မှု အောင်မြင်စွာပြုလုပ်ပြီးစီးခဲ့ပြီဟု ၎င်းလေယာဉ် အား ထုတ်လုပ်သည့် တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း ကပြောကြားခဲ့သည်။
၎င်းလေယာဉ်မှာ အကွာအဝေးအားဖြင့် ၆၅၀ ကီလိုမီတာအထိ တစ်ဆက်တည်းသွားရောက်နိုင်ကာ အမြန်နှုန်းမှာ တစ်နာရီလျှင် ၂၂၂ ကီလိုမီတာရှိကြောင်း သိရသည်။
AG50 လေယာဉ်အား လေကြောင်းကလပ်များ၊ အထွေထွေလေကြောင်းကုမ္ပဏီများ၊ လေ့ကျင့်ရေးကျောင်းများနှင့် ပုဂ္ဂလိက လေယာဉ်မှူးများအတွက် ပုံစံထုတ်လုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)