Videos
ချိန်တူးတွင် 5G နည်းပညာသုံး မောင်းသူမဲ့ ယာဉ်ငယ် ဖြင့် အကြိုအပို့ပြုလုပ်
ချိန်တူး၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချိန်တူးတွင် ဩဂုတ် ၂၈ မှ ၃၀ ရက်အထိ ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ 5G ကွန်ရက်နည်းပညာ တီထွင်ဆန်းသစ်မှုညီလာခံ သို့ တက်ရောက်လာကြသူများကို 5G နည်းပညာသုံးမောင်းသူမဲ့ ယာဉ်ငယ် ဖြင့်ကြိုပို့ပေးခဲ့ကြောင်းသိရသည်။ ၎င်းမောင်းသူမဲ့ ယာဉ်ငယ်သည် မြန်နှုန်းမြင့် 5G နည်းပညာ နှင့် အတူ လိုင်းဆွဲအား ကျခြင်းမရှိဘဲ လမ်းတစ်လျှောက် အတားအဆီးများကို အလိုအလျောက်ကျော်လွှားနိုင်ခဲ့ပြီး ခရီးစဉ် တစ်ခုလုံးကိုလည်းအစီအစဉ် တကျ ကောင်းစွာမောင်းနှင်နိုင်ခဲ့သည်။ ယခု အသုံးပြုသည့် ယာဉ်ငယ်ကို အခြားအခမ်းအနားများစွာ၌လည်း ယခင်က အသုံးပြုခဲ့ဖူးကြောင်းသိရသည်။ (Xinhua)