Connect with us

CHINA

ကပ်ရောဂါတိုက်ဖျက်ရေးတွင် ဗင်နီဇွဲလားနှင့် တရုတ် နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်

တရုတ်နိုင်ငံမှ ဆေးဝန်ထမ်းများဗင်နီဇွဲလားနိုင်ငံ Simon Bolivar လေဆိပ်သို့ ၂၀၂၀ ပြည့်နှစ် မတ် ၃၀ ရက်ကရောက်ရှိလာစဉ်(ဆင်ဟွာ)

ကာရေကပ်စ် ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

COVID-19 တိုက်ဖျက်ရေးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံမှ ခုနှစ်ခေါက်မြောက် ဆေးဝါး နှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများသည် ဗင်နီဇွဲလားနိုင်ငံသို့ စက်တင်ဘာ ၈ ရက်က ရောက်ရှိလာခဲ့ကြောင်းသိရသည်။

“ဒါတွေအားလုံး ဘာကိုပြနေလဲဆိုရင် ကပ်ရောဂါဟာ လူသားအားလုံးရဲ့ အသက်နဲ့ ကျန်းမာရေးကိုပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေသလို နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း ကြီးမားတဲ့ အပြောင်းအလဲတွေ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်ဆိုတာပါပဲ ၊ တရုတ်နိုင်ငံအစိုးရနဲ့ ပြည်သူတွေအနေနဲ့ ဗင်နီဇွဲလားနိုင်ငံ အစိုးနဲ့ ပြည်သူတွေနဲ့ အတူတကွ ရပ်တည်နေပါတယ်”ဟု ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Li Baorong က ဆိုသည်။

ဗင်နီဇွဲလားနိုင်ငံတကာရေကပ်စ်မြို့တော် Simon Bolivar အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သည့် ထောက်ပံ့ပစ္စည်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် ဗင်နီဇွဲလားနိုင်ငံ ဒုတိယသမ္မတ Delcy Rodriguez နှင့် အခြားသော အစိုးရအရာရှိကြီးများနှင့်အတူ တက်ရောက်လာစဉ် သံအမတ်ကြီး Li က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လူသားချင်းစာနာမှုဆိုင်ရာ နောက်ဆုံးအခေါက် ထောက်ပံ့ပစ္စည်းများပေးပို့သည့် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ၊ ဗင်နီဇွဲလားနိုင်ငံအနေဖြင့် ကပ်ရောဂါထိန်းချုပ်ရန်အတွက် လက်ရှိတွင် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ တန်ချိန် ၇၀၀ ကျော် ရရှိထားပြီးဖြစ်ကြောင်း ဗင်နီဇွဲလားဒုတိယသမ္မတ Rodriguez က အသိပေးပြောကြားခဲ့သည်။

“ တရုတ်နိုင်ငံရဲ့ ထောက်ပံ့ကူညီမှုဟာ သိပ်ကိုအရေးပါပါတယ်” ဟု Rodriguez  က ဆိုသည်။ ဗင်နီဇွဲလားနိုင်ငံအပေါ် ဘဏ္ဍာရေးနှင့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ထားစဉ်အတွင်း တရုတ်-ဗင်နီဇွဲလားနှစ်နိုင်ငံအကြား ညီရင်းအစ်ကိုဆက်ဆံရေးခိုင်မာမှုကို ထင်ဟပ်စေကြောင်း ၎င်းက မီးမောင်းထိုးပြောကြားခဲ့သည်။

နောက်ထပ် ရောက်ရှိလာသော ဆေးဝါးများ ၊ ဆေးဘက်ဆိုင်ရာကိရိယာများနှင့် အသုံးအဆောင်များထဲတွင် “ တရုတ်နိုင်ငံရဲ့ အထူးအရေးပါတဲ့ လှူဒါန်းမှုတွေထဲမှာ တရုတ်ရိုးရာတိုင်းရင်းဆေးတွေကိုလည်း ကျွန်တော်တို့ လက်ခံရရှိခဲ့ပါတယ်”ဟု Rodriguez ကပြောကြားခဲ့ပြီးယင်းမှာ ဗင်နီဇွဲလားနိုင်ငံ၏ COVID-19 ကုသရေးအစီအစဉ်များတွင် ပေါင်းစပ်ထည့်သွင်း ကုသနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။  (Xinhua)