Videos
ရှင်းကျန်းဒေသတွင် COVID-19 ထိန်းချုပ်ရေးလုပ်ဆောင်နေစဉ်အတွင်း၌ အလုပ်အကိုင်များ ပြည်သူ့ဘဝများကောင်းမွန်စွာလည်ပတ်လျက်ရှိ
ရှင်းကျန်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် COVID-19 ထိန်းချုပ်ရေး ပုံမှန်လုပ်ငန်းများကိုချမှတ်ဆောင်ရွက်နေစဉ်မှာပင် အလုပ်အကိုင်တိုးမြင့်မှုနှင့် ပြည်သူများ၏ လူနေမှု ဘဝ များတိုးတက်ကောင်းမွန်လာသည်မှာ ထင်ရှားသည့် အောင်မြင်မှုလက္ခဏာများပင်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးက ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် အလုပ်အကိုင် နှင့် အလုပ်သမား အခွင့်အရေး ဆိုင်ရာ စက္ကူဖြူစာတမ်း တွင်ဖော်ပြထားသည်။
ရှင်းကျန်းဒေသ ၏ အလုပ်အကိုင်နှင့် အလုပ်သမားများ၏ အခွင့်အရေးများ ဟူသည့် စာတမ်း၌ ဒေသအစိုးရ အနေဖြင့် စီးပွားရေးဆိုင်ရာ အခက်အခဲများအားလျှော့ချရန်၊ အလုပ်အကိုင်များအား တည်ငြိမ် စွာ တိုးမြှင့်ရန် လုပ်ငန်းစဉ်များစွာကို ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်ဟုဖော်ပြထားသည်။
ရှင်းကျန်းဒေသသည် စီးပွားရေးလုပ်ငန်းများနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများနှင့်စက်မှုလုပ်ငန်းများမှ ရရှိသော အလုပ်အကိုင်များ တိုးမြင့်စေရန် ရည်ရွယ်၍ ယခင်က သတ်မှတ်ပေးထားခဲ့သည့် အခွန်အခများနှင့် အခြားလုပ်ငန်းရှင်များထံမှ ကောက်ခံမှုများ ကို လျှော့ချခဲ့သည်။ (Xinhua)