Connect with us

North America

အမေရိကန် နိုင်ငံ  Wisconsin ပြည်နယ်တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွားရာ ၇ ဦး ဒဏ်ရာရရှိ

အမေရိကန်နိုင်ငံတွင် ဇူလိုင်လ ၌ ဖြစ်ပွား ခဲ့သည့် သေနတ် ပစ်ခတ်မှုတစ်ခု အား တွေ့ရစဉ်(ဆင်ဟွာ)

ချီကာဂို ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ Wisconsin ပြည်နယ် Milwaukee မြို့ ရှိ နာရေးအခမ်းအနား တစ်ခုတွင် စက်တင်ဘာ ၃၀ ရက် နေ့လယ်ပိုင်း အချိန်က သေနတ်ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ လူ ၇ ဦး ဒဏ်ရာရရှိခဲ့သည်။

အမေရိကန်နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ တစ်ဦး ၏ နာရေးအခမ်းအနား ကျင်းပ ပြုလုပ်နေစဉ် သေနတ်ပစ်ခတ်မှု ထပ်မံ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။Milwaukee မြို့ ရဲတပ်ဖွဲ့မှူး က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် နေရာ၌ သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ရာတွင် ဒဏ်ရာရရှိသူ ၇ ဦးလုံးအား ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ပြီး အခြေအနေ တည်ငြိမ်မှု ရှိကြောင်း ၊ ဒဏ်ရာရရှိသူများသည် အသက် ၂၄ နှစ် မှ ၄၈ နှစ် ကြား ရှိသူများ ဖြစ်ကြကြောင်း ၊ ရဲတပ်ဖွဲ့ က လက်ရှိချိန်တွင် သေနတ်ပစ်ခတ်ခဲ့သူ ကို လိုက်လံရှာဖွေနေပြီး အခင်းဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြောကြား ခဲ့သည်။  (Xinhua)