Videos
ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄ထောင်ကျော်တွင်တည်ရှိသည့် Zizhu ဘုန်းတော်ကြီးကျောင်း
တိဘက်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ တိဘက်ဒေသ Dengqen ကောင်တီတွင် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄,၈၀၀ တွင် Zizhu ဘုန်းတော်ကြီးကျောင်း တည်ရှိသည်။ ၎င်း ဘုန်းတော်ကြီးကျောင်းသည် တိဘက် Bon ဗုဒ္ဓဝါဒီတို့၏ ရှေးအကျဆုံးနှင့် အဖိုးမဖြတ်နိုင်သည့် အမွေအနှစ်တစ်ခုလည်းဖြစ်ပေသည်။ ကမ္ဘာ့အမြင့်ပိုင်းဒေသဟု တင်စားခေါ်ဝေါ်နိုင်သည့် တိဘက်ဒေသ၏ တောတောင်များအကြားတွင် ပနံတင့်တယ်စွာတည်ရှိနေသည့် Zizhu ဘုန်းတော်ကြီးကျောင်း၏ မြင်ကွင်း အလှအပများကို ရိုက်ကူးတင်ဆက်ထားသောရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua)