Videos
တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ရှေးဟောင်းနန်းတော်၏ရွှေရောင် ဆောင်းဦးအလှမြင်ကွင်းများ
ပေကျင်း၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး
တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ရှေးဟောင်းနန်းတော်ကြီးသည် မင်မင်းဆက်(၁၃၆၈ ခုနှစ် – ၁၆၄၄ ခုနှစ်)၊ ချင်းမင်းဆက်(၁၆၄၄ ခုနှစ် – ၁၉၁၁ ခုနှစ်) များတွင် ဧကရာဇ်မင်းများ အသီးသီး စံမြန်းခဲ့ရာ နန်းတော်ကြီးဖြစ်သည်။ ယခုနှစ်သည် ရှေးဟောင်းနန်းတော်ကြီး တည်ဆောက်ခဲ့သည့် နှစ်ပေါင်း ၆၀၀ ပြည့် နှစ်ဖြစ်ကြောင်း သိရသည်။
ရှေးဟောင်းနန်းတော် သို့မဟုတ် တားမြစ်မြို့တော်(Forbidden city) ဟု လူသိများကြသည့် တရုတ်ဧကရာဇ်မင်းများ စံမြန်းခဲ့ဖူးရာ နန်းတော်၏ ဆောင်းဦးအလှမြင်ကွင်းများအား အောက်ပါ ဗွီဒီယိုမှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။(Xinhua)