Connect with us

Local

ရွှေသတ္တုအကြီးစားများအား ပြည်ပတင်ပို့ရန်နှင့် ပြည်တွင်းတင်သွင်းရန် လုပ်ငန်းလိုင်စင်အား ယာယီဆိုင်းငံ့ထားကြောင်းဆို

ရွှေဆိုင်တစ်ခုတွင်ရွှေထည်များခင်းကျင်းပြသထားစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ရွှေသတ္တုအကြီးစားများ ပြည်ပတင်ပို့ရန်နှင့် ပြည်တွင်းတင်သွင်းရန် လုပ်ငန်းလိုင်စင်အား ယာယီဆိုင်းငံ့ထားကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကဆင်ဟွာသို့နိုဝင်ဘာ ၂၀ ရက်တွင်ပြောသည်။

“သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ကို ဥပဒေ နည်းဥပဒေ အတိုင်းလိုင်စင်လျှောက်ထားတာဖြစ်ပါတယ်။ နည်းဥပဒေအခန်း (၁၁) ပုဒ်မ (၁၀၉)မှာ နိုင်ငံခြားဖြစ်စေ၊ပြည်တွင်းဖြစ်စေ အရောင်းအဝယ်လုပ်ရင်လိုင်စင်လျှောက်ထားရမယ်လို့ပြဌာန်းထားတယ်။ အဲဒါကြောင့် ကျွန်တော်တို့က လိုင်စင်လျှောက်တာပါ။ ဒီရက်ပိုင်းမှာ ယာယီဆိုင်းငံ့ကြောင်း ဝန်ကြီးဌာနက အကြောင်းပြန်ခဲ့ပါတယ်’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ရွှေသတ္တုအကြီးစားများအား ပြည်ပတင်ပို့ရန်နှင့် ပြည်တွင်းတင်သွင်းရန်လုပ်ငန်းလိုင်စင်နှင့် ပတ်သက်၍ COVID-19 ရောဂါအခြေအနေကြောင့် ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်းနှင့် COVID-19 အလွန် တွင် အဆိုပါလုပ်ငန်းလိုင်စင်အား ပြန်လည်လျှောက်ထားသွားမည်ဖြစ်ကြောင်းဆိုသည်။

အကြီးစားရွှေသတ္တုရောင်း ဝယ်ခြင်းဆိုသည်မှာ ကျပ်သိန်း ၂,၀၀၀နှင့်အထက် အရောင်းအဝယ်ဖြစ်ပြီး ရွှေနှစ်ပိဿာနှင့်အထက်ရောင်းဝယ်ခြင်းကို ဆိုလိုကြောင်း၊ ကျပ်သိန်း ၅၀၀ အောက် ကို အသေးစားအရောင်းအဝယ် နှင့် ကျပ်သိန်း ၅၀၀ နှင့် ၂,၀၀၀ ကြားကို အလတ်စားဟုဥပဒေ တွင် ပြဋ္ဌာန်းထားကြောင်း သိရသည်။ သတ္တုတွင်းနည်းဥပဒေအရ ရွှေတင်ပို့ခြင်း၊ တင်သွင်းခြင်း တို့အတွက် သတ္တုတွင်းလုပ်ငန်း၏ ခွင့်ပြုမိန့်လိုင်စင်ရယူရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သယံဇာတထွက်ကုန်ရွှေသတ္တုကို တရားဝင်တင်ပို့ ခွင့်ရရှိစေရန်၊ တရားဝင် အခွန်အခရရှိစေရန်နှင့် ရွှေဈေးကွက်တရားဝင် ဖြစ်စေရန် တင်ပို့ခြင်း၊ တင်သွင်းခြင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် မြန်မာနိုင်ငံသား လုပ် ငန်းရှင်များအား စတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

သတ္တုတွင်းဥပဒေအရ ရွှေများကို တင်သွင်း၊ တင်ပို့ ရာတွင် ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ဂိတ်များ က ပြုလုပ်နိုင်ပြီး အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန် ပစ္စည်းခွန်များ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117