Videos
တရုတ်နိုင်ငံက တည်ဆောက်သည့် တရုတ်-လာအို ရထားလမ်းပေါ်ရှိ အကြီးဆုံး ဘူတာ အမိုးတပ်ဆင်ခြင်းပြီးစီး
ဗီယန်ကျင်း၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် တည်းဖြတ်/စုဝင့်
တရုတ်-လာအို ရထားလမ်းပေါ်ရှိ အကြီးဆုံးဘူတာတစ်ခုဖြစ်သည့် ဗီယန်ကျင်းမြို့ရှိ ပင်မဘူတာအဆောက်အဦ အမိုး တပ်ဆင်ပြီးစီးခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၉ ရက်တွင်ကျင်းပခဲ့သည်။ ၎င်းသည် ဗီယန်ကျင်းပင်မ ဘူတာ၏ အဓိက အစိတ်အပိုင်းများပြီးစီးခြင်းအမှတ်အသားတစ်ခုဖြစ်ပြီး ဒုတိယအရေးပါသည့် အစိတ်အပိုင်းများနှင့် အလှဆင်ခြင်းအပိုင်းတို့ကို စတင်ခြင်းအထိမ်းအမှတ် လည်းဖြစ်သည်။
အဆိုပါ ဘူတာအား China Railway Construction Group မှ တည်ဆောက်ခြင်းဖြစ်ကာ စတုရန်းမီတာပေါင်း ၁၄,၅၄၃ မီတာကျယ် ပြီး ခရီးသည်ပေါင်း ၂၅၀၀ခန့်ဝင်ထွက် သွားလာနိုင်သည်။COVID-19 ကာလတွင် တည်ဆောက်ရေးစီမံကိန်းများရပ်တန့်မသွားစေရန် တရုတ်နိုင်ငံနှင့်လာအိုနိုင်ငံမှ အင်ဂျင်နီယာများက တာဝန်ယူဆောင်ရွက်ခဲ့သည်။တရုတ်-လာအို ရထားလမ်းသည် ၄၂၂ ကီလိုမီတာအရှည်ရှိသည်။လာအိုနိုင်ငံမြောက်ပိုင်းBoten နယ်စပ်ဂိတ်မှ ဗီယန်ကျင်းမြို့သို့ တစ်နာရီလျှင် ၁၆၀ ကီလိုမီတာအမြန်နှုန်းဖြင့်ရထားပြေးဆွဲမည်ဟုသိရသည်။ (Xinhua)