Connect with us

Europe

Nokia ကုမ္ပဏီသည် လာမည့် ၂ဝ၁၈ ခုနှစ်တွင် ဖင်လန်နိုင်ငံရှိ ဝန်ထမ်း ၁,၃ဝဝ ကျော်ကို လျှော့ချ သွားမည်ဟု ဆို

ဖင်လန်နိုင်ငံရှိ Nokia ကုမ္ပဏီ ရုံးချုပ်အားတွေ့ရစဉ် ( ဆင်ဟွာ )

ဟယ်ဆင်န်ကီး ၊ ဧပြီ ၇ ရက် ( ဆင်ဟွာ )

ဖင်လန်နိုင်ငံ၏ အကြီးဆုံး လက်ကိုင်ဖုန်း ကုမ္ပဏီဖြစ်သော Nokia သည် လာမည့် ၂ဝ၁၈ ခုနှစ်တွင် ၎င်းတို့၏ ဝန်ထမ်း ၁၃ဝဝ ကျော်ကို လျှော့ချသွားရန် စီစဉ်ထားကြောင်း ၂ဝ၁၆ ခုနှစ် ဧပြီ ၆ ရက်က သတင်းထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဝန်ထမ်း လျှော့ချရေးနှင့် ပတ်သက်ပြီး ညှိနှိုင်းမှုများ စတင် ပြုလုပ်နေပြီဟု ဆိုသည်။ Nokia ကုမ္ပဏီတွင် ဖင်လန်နိုင်ငံ အတွင်း၌ ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းထိ ဝန်ထမ်း စုစုပေါင်း ၆,၇ဝဝ ဦးရှိသည်။ ထို့ပြင် ဧပြီ ၆ ရက်က သီးခြား ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်တွင် Nokia သည် ၎င်းတို့၏ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ် နှင့် ကမ္ဘာတစ်ဝန်းရှိ ဝန်ထမ်းလျှော့ချရေး အစီအစဉ် များနှင့် ပတ်သက်ပြီး လေ့လာ ဆန်းစစ်မှုများ ပြုလုပ်နေသည်ဟု ထည့်သွင်း ဖော်ပြထားသည်။

ကုမ္ပဏီ၏ အဆိုရ သုတေသနပိုင်း ၊ ဖွံ့ဖြိုးရေး နှင့် ဒေသတွင်း အရောင်းဆိုင်များနှင့် ချိတ်ဆက်ဆောင် ရွက်ရာတွင် မည်သို့အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်သွားမည် ဆိုသည့် နည်းလမ်းများကို အဖြေရှာနေကြကြောင်း သိရသည်။ သို့သော် Nokia သည် ကမ္ဘာ တစ်ဝန်းရှိ ၎င်းတို့၏ ဝန်ထမ်းများ အနက် အရေအတွက် မည်မျှကို ထပ်မံ လျှော့ချသွားမည် ကိုတော့ ထုတ်ပြန်ထားခြင်း မရှိပေ။

ယခုကဲ့သို့Nokia ကုမ္ပဏီ၏ ဝန်ထမ်းလျှော့ချရေး အစီအစဉ်ကြောင့် လာမည့် ၂ဝ၁၈ ခုနှစ်တွင် လုပ်ငန်းခွင် အသုံးစရိတ်သည် ယူရိုငွေ သန်း ၉ဝဝ ထိရောက်ရှိသွားမည်ဖြစ်ပြီး ၎င်းတို့၏ အနီးကပ် ပြိုင်ဖက် ပြင်သစ်-အမေရိကန် အခြေစိုက် Alcatel-Lucent ကုမ္ပဏီ၏ လုပ်ငန်းခွင် အသုံးစရိတ်နှင့် တူညီ သွားဖွယ်ရှိကြောင်း Nokia အမှုဆောင် အရာရှိချုပ် Rajeev Suri က ဆိုသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.